အသားမပပ်အောင် ဘာလုပ်သင့်လဲ

မနက်ခင်းတွေဆို အေးမြတဲ့ရာသီ အငွေ့အသက်လေးတွေနဲ့ ဆောင်းရာသီကိုကြိုလင့်လို့နေ ပါပြီ။ နောက်ဆက်တွဲကတော့ အသားအရေ ခြောက်ကပ်ကပ်ဖြစ်လာတော့မှာမို့ အခုကတည်းက ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

အသားမပပ်ဖို့က ပတ်ဝန်းကျင်ကိုဂရုစိုက်ရမှာဖြစ်သလို တစ်ကိုယ်ရေသုံးပစ္စည်းတွေကိုလည်းဂရုတစိုက်သုံးရမှာဖြစ်ပါတယ်။

စိုစိုပြေပြေဖြစ်ဖို

ဒီကာလရောက်ရင် အသားအရေစိုပြေဖို့အတွက် ထည့်သွင်းစဉ်းစားရမှာပါ။ ရေချိုးပြီးတဲ့အချိန်ခန္ဓာကိုယ် ကိုခြောက်အောင်သုတ်ပြီး moisturizer ပါတဲ့ခရင်မ်တစ်မျိုးမျိုးလိမ်းပေးသင့်ပါတယ်။ အရည်အသွေး ကောင်းတဲ့ moisturizer ဖြစ်ဖို့လိုပါတယ်။ အခုလိုရာသီကာလမျိုးမှာတော့ oil-based creams က အသင့်တော်ဆုံးပါ။

အသားအရေကိုထိခိုက်စေမယ့် ပတ်ဝန်းကျင်ကပစ္စည်းများ

အေးပြီးခြောက်သွေ့စေတဲ့အရာတွေကို ရှောင်ရှားဖို့လိုပါတယ်။ ဉပမာအားဖြင့် လေအေးပေးစက်ရဲ့ အောက်မှာ အမြဲနေထိုင်ခြင်းအားဖြင့် အသားအရေခြောက်သွေ့လာစေတာမျိုး၊ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့လို အသားအရေပျက်စီးစေတာမျိုး တွေဖြစ်ပါတယ်။

နူးညံ့စွာသန့်ရှင်းပါ

ခန္ဓာကိုယ်ကို ဆပ်ပြာနဲ့ ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်တာမျိုး၊ အသားအရေထိခိုက်စေမယ့် ဓာတုဗေဒပစ္စည်းအများကြီးပါဝင် တဲ့ ပစ္စည်းကိုသုံးစွဲတာမျိုးကို မလုပ်သင့်ပါဘူး။ အရေပြားကို နူးနုးညံ့ညံ့ကိုင်တွယ်သန့်ရှင်းရမယ့် ကာလပါ။

 ရေဓါတ်

ဒီကာလဟာ ပုံမှန်ထက်ရေဓါတ်လိုတဲ့ကာလလည်းဖြစ်ပါတယ်။ ဒါကြောင့် နေ့စဉ်ရေများများသောက် ပေးဖို့လိုပါတယ်။ ပြီးတော့ ရေဓါတ်ပါတဲ့ အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို   ပုံမှန်စားသုံးသင့်ပါ တယ်။

ညဖက်မှာ သတိထားစရာ

အိပ်ရာမဝင်ခင်မှာ လက်၊ ခြေဖဝါး၊ နှုတ်ခမ်းစတာတွေကို စိုစိုပြေပြေလေးဖြစ်စေဖို့ ခရမ်မ်တစ်ခုခုကို လိမ်းသင့်ပါတယ်။ ဒါမှ မနက်မိုးရင်လာရင် ခြောက်ကပ်ကပ်မဖြစ်တော့ဘူးပေါ့။

စိတ်ဖိစီးမှုတွေကို လျှော့ချပါ

စိတ်ဖိစီးမှုအရမ်းများရင် အသားအရေကိုပါလာထိခိုက်တတ်တယ်ဆိုတာသိပါသလား။ ဒါကြောင့် စိတ် ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်းမေ့ထားလို့မရပါဘူး။ ပုံမှန်လေ့ကျင့်ခန်းလုပ်တာမျိုး၊ ယောဂကျင့် တာမျိုးတွေ လုပ်သင့်ပါတယ်။

ဒီရာသီ၊ ဒီကာလမှာ ဒီလိုအချက်လေးတွေကို လိုက်လုပ်ကြည့်ရင်း စိုပြေလန်းဆန်းတဲ့အသားအရေနဲ့ လူနေမှုဘဝကို ရယူပိုင်ဆိုင်ကြပါစို့။