
အသားမပပ်အောင် ဘာလုပ်သင့်လဲ
မနက်ခင်းတွေဆို အေးမြတဲ့ရာသီ အငွေ့အသက်လေးတွေနဲ့ ဆောင်းရာသီကိုကြိုလင့်လို့နေ ပါပြီ။ နောက်ဆက်တွဲကတော့ အသားအရေ ခြောက်ကပ်ကပ်ဖြစ်လာတော့မှာမို့ အခုကတည်းက ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ အသားမပပ်ဖို့က ပတ်ဝန်းကျင်ကိုဂရုစိုက်ရမှာဖြစ်သလို တစ်ကိုယ်ရေသုံးပစ္စည်းတွေကိုလည်းဂရုတစိုက်သုံးရမှာဖြစ်ပါတယ်။
