နေ့စဉ်ဘဝမှာ လှဖို့ ဘာတွေလုပ်သင့်လဲ

ကျန်းမာခြင်းသည်လာဘ်တစ်ပါး၊ ကျန်းမာမှ လှနိုင်မှာပါ။ စိတ်ရောကိုယ်ပါလှနိုင်ဖို့ ဒီအချက်လေးတွေနဲ့ နေ့စဉ် ဘဝကို ဖြတ်သန်းလိုက်ရအောင်။
🌿စိတ်ခွန်အားဖြည့်ခြင်း
အပြုသဘောဆောင်တဲ့အတွေးအခေါ်တွေကိုပဲတွေးနိုင်အောင်ကြိုးစားပါ။ လူတိုင်းက အကောင်းမြင်စိတ်ရှိဖို့ ဆိုတာ သိပ်တော့မလွယ်ကူပေမယ့် တစ်ခါတစ်လေမှာတော့ ပြဿနာနဲ့ စိန်ခေါ်မှုတွေကို အရာရာတိုင်းကောင်း ဖို့ဖြစ်လာတာဆိုတဲ့အတွေးလေးနဲ့ဖြတ်ကျော်လိုက်ပါ။ ဒီလိုလုပ်နိုင်ဖို့ တရားထိုင်တာမျိုး၊ မှတ်စုစာအုပ်ပေါ်မှာ ကိုယ့်ပြဿနာတွေကိုချရေးပြီးဖြေရှင်းဖို့ကြိုးစားတာမျိုး အစရှိတဲ့ စိတ်တည်ငြိမ်ရေးအလုပ်လေးတွေလုပ်နိုင်ဖို့ လိုအပ်ပါတယ်။
🌿ကိုယ်ပိုင်းဆိုင်ရာအားဖြည့်ခြင်း
အနည်းဆုံးတော့ လမ်းလျှောက်လေ့ကျင့်ခန်းလိုမျိုးကိုနေ့စဉ်လုပ်သင့်ပါတယ်။ အချိန်ရရင်တော့ ယောဂကစား တာမျိုး၊ GYM သွားတာမျိုး၊ အေရိုးဗစ်လေ့ကျင့်ခန်းလုပ်တာမျိုးကို အချိန်တစ်ခုပေးပြီး လုပ်သင့်ပါတယ်။ ကျန်း မာဖို့အတွက် အာဟာရများများပါတဲ့အစားအစာကိုစားပြီး ရေများများသောက်၊ အိပ်ရေးဝဝအိပ်ဖို့လိုပါတယ်။ ဒီ တော့ မမေ့ပါနဲ့။ ကိုယ့်ကိုကိုယ်ဂရုစိုက်ပေးပါ။
🌿ချစ်ခြင်းတရားတည်ဆောက်ပါ
ကိုယ့်ဘေးမှာရှိတဲ့သူတွေ၊ မိသားစုတွေကို အချိန်ပေးတာမျိုးလုပ်ဖြစ်အောင်ကြိုးစားပါ။ ချစ်လို့မရတဲ့ မုန်းသူတွေရှိရင်တော့ ခေါင်းထဲကနေဖယ်ထုတ်ပြီး ဉပေက္ခာပြုနိုင်အောင်ကြိုးစားပါ။ သူတစ်ပါးကို ကူညီ ခြင်းက ကိုယ့်စိတ်ခွန်အားအတွက်လည်းအထောက်အကူပြုတာမို့ ပရဟိတကိုလည်းမမေ့ပါနဲ့။ အရာရာတိုင်းကို ချစ်ခြင်း တရားနဲ့မြင်တတ်မယ်ဆိုရင် လောကကြီးက ပျော်စရာကောင်းနေပါလိမ့်မယ်။
🌿ပစ္စည်းကောင်းလေးတွေသုံးပါ
ဈေးကြီးတိုင်းပစ္စည်းကောင်းတယ်လို့မဆိုလိုပါဘူး။ ကိုယ်နဲ့သင့်တော်တဲ့ အလှအပရေးရာပစ္စည်းတွေကို သေချာ လေးသုံးတတ်ဖို့ဆိုလိုတာပါ။ အရေးအကြောင်းပေါ်လာရင် အရေးအကြောင်းသက်သာစေမယ့်သဘာဝပစ္စည်း လေးတွေ၊ မျက်နှာပေါ်အမည်းစက်လေးတွေပေါ်လာရင်တော့ အမည်းစက်သက်သာမယ့် ထုတ်ကုန်လေးတွေကို သေချာရွေးချယ်သုံးတတ်ခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကောင်းမွန်မှုကိုအရယူပါ။
ပစ္စည်းကောင်းသုံးမယ်ဆိုရင်တော့ Sjoliv (ရှိုးလစ်ဗ်) ကိုသတိရလိုက်ပါ။ ပင်လယ်ရေမှော်ကနေထုတ် လုပ်ထားတဲ့ သဘာဝနဲ့အနီးစပ်ဆုံးအလှကုန်တွေမို့ နေ့စဉ်ဘဝမှာလှဖို့ အထောက်အကူကောင်းလေးတစ် ခုပဲဖြစ်တယ်လို့ဆိုချင်ပါတယ်။