ပင်လယ်ရေမှော်ရဲ့ ကောင်းကျိုးများ

ပင်လယ်ရေမှော်ဆိုတာ ကောင်းခြင်းတွေနဲ့ ပြည့်နေတဲ့ သဘာဝရဲ့လက်ဆောင်ဖြစ်ပါတယ်။

ကျန်းမာရေး ကောင်းကျိုးများ

အာဟာရဓာတ် ကြွယ်ဝမှု နဲ့ပတ်သက်လို့ ပင်လယ်ရေမှော်မှာ  ဗီတာမင် A, C, E, K နဲ့ B အုပ်စုပါဝင်ပြီး သတ္တုဓာတ်တွေ (အိုင်းအိုဒင်း၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်)၊ အမျှင်ဓာတ်နဲ့အသားဓာတ်တွေ ကြွယ်ဝပါတယ်။

ဇီဝရုပ်ဖြစ်ပျက်မှုကို အထောက်အကူပြုခြင်း

ပင်လယ်ရေမှော်ဟာ သိုင်းရွိုက်လုပ်ဆောင်မှုကို အားပေးတဲ့ အိုင်းအိုဒင်းပါဝင်မှုရှိပြီး ကိုလက်စထရောကို ထိန်းညှိပေးခြင်း၊ ကိုယ်ခံအားစနစ် မြှင့်တင်ပေးခြင်း တို့အပြင် ရောင်ရမ်းမှုကို တိုက်ဖျက်နိုင်တဲ့ ဒြပ်ပေါင်းတွေလည်း ပါဝင်ပါတယ်။ စားသုံးနိုင်တဲ့ ပင်လယ်ရေမှော်အမျိုးအစားတွေဟာ အူမကြီးလှုပ်ရှားမှုကို ကူညီတဲ့ အမျှင်ဓာတ်ကြွယ်ဝမှုကိုပေးပါတယ်။

အလှအပရေးရာ ကောင်းကျိုးများ

အသားအရေ ထိန်းသိမ်းလိုသူတွေအတွက် ပင်လယ်ရေမှော်နဲ့ ပြုလုပ်ထားတဲ့ အလှကုန်တွေကိုသုံးစွဲသင့် ပါတယ်။ ပင်လယ်ရေမှော်ဟာ အစိုဓာတ်ထိန်းပစ္စည်းအဖြစ် ဆောင်ရွက်ပေးပြီး ဝက်ခြံနဲ့ အဆီပြန်မှုကို လျှော့ချပေးပါတယ်။ အရွယ်တင်နုပျိုလိုသူတွေ၊ အရေးအကြောင်းနဲ့ အရွယ်မတိုင်မီ အိုမင်းမှုကို တားဆီးလိုသူတွေအတွက်အသင့်တော်ဆုံးပါ။

ပတ်ဝန်းကျင် ကောင်းကျိုးများ

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်လို့လည်း ပင်လယ်ရေမှော်ဟာ လေထုမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူနိုင်ပါတယ်။ ဒါကြောင့် ကမ္ဘာကြီးကို အကျိုးပြုနေတဲ့ အပင်လေးတွေလို့ ပြောရင်လည်းမမှားပါဘူး။

စီးပွားရေး ကောင်းကျိုးများ

ပင်လယ်ရေမှော်ကို သဘာဝ မြေဩဇာအဖြစ် အသုံးပြုနိုင်ပြီး စားသုံးနိုင်တဲ့ ထုတ်ကုန်တွေအဖြစ် လည်းထုတ်လုပ်သုံးစွဲနေကြပါတယ်။

ဒါကြောင့် ပင်လယ်ရေမှော်ကို ပုံမှန်စားသုံးပေးမယ်ဆိုရင်၊ ပင်လယ်ရေမှော်နဲ့ ထုတ်လုပ်ထားတဲ့အလှကုန်တွေကို ပုံမှန်သုံးစွဲမယ်ဆိုရင် ကျန်းမာရေး၊ အလှအပနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ကောင်းကျိုးများစွာ ရရှိစေနိုင်ပါတယ်။