ယေဘုယျအားဖြင့် အသက် ၃၀ ကျော်လာရင် အရေးအကြောင်းတွေထင်ပေါ်လာတတ်ပါတယ်။ ဒါပေမဲ့ တစ် ယောက်နဲ့တစ်ယောက်ကမတူတတ်ကြပါဘူး။ မျိုးရိုးဗီဇ၊ စားသောက်နေထိုင်မှုပုံစံတွေနဲ့လည်းဆိုင်ပါ တယ်။
ဒီတော့ အရေးအကြောင်းကင်းစင်ဖို့လိုအပ်လာပါပြီ။ မျက်နှာ၊ လည်ပင်း၊ လက် တွေမှာ ထင်ရှားလာတဲ့ အရေးအကြောင်းတွေကို လျော့ပါးသက်သာစေဖို့ ကော်လာဂျင် (Collagen) တွေသောက်လာကြရပါပြီ။ အသက်ရလာတော့ ဖိုက်ဘရိုဘလပ် ဆဲလ် (fibroblasts ) တွေ ယိုယွင်းလာလို့ collagen နဲ့ elastin ထုတ်လုပ်မှု လျော့သွားတာကြောင့် အရေးအကြောင်းပြဿနာကို ရင်ဆိုင်ကြရတာဖြစ်ပါတယ်။
ဘာတွေရှောင်ရမလဲ
ဆေးလိပ်ရှောင်၊ ခရမ်းလွန်ရောင်ခြည်ကို ရှောင်တာမျိုးတွေ သတိပြုကြရပါတယ်။ သကြားအလွန် အကျွံ စားသုံးတာမျိုးတွေကိုရှောင်ကြဉ်ကြရပါတယ်။
ဘာတွေဆောင်ရမလဲ
နေရောင်ခြည်ရှိတဲ့နေရာကိုသွားရင် ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်တဲ့ကရင်မ်လိမ်းတာမျိုး၊ စိတ်ဖိစီးမှု မဖြစ်အောင်နေထိုင်တာမျိုး၊ ပြင်းထန်တဲ့ရာသီဉတုမျိုးမှာဆို အလိုက်သင့်နေထိုင်တာမျိုးတွေကိုဆောင် ရွက်သင့်ပါတယ်။
ကော်လာဂျင် (Collagen) ကိုပုံမှန်သုံး
ကော်လာဂျင် (Collagen) သောက်တဲ့အပြင် ကော်လာဂျင် (Collagen) ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို တွင်တွင်ကျယ်ကျယ်သုံးလာကြပါပြီ။ Sjoliv ကနေ ထုတ်တဲ့ body lotion, face serum, soap, face mask တွေဟာ Marine Collagen အပြည့်ပါဝင်လို့ အရေးအကြောင်းလျော့ပါးသက်သာစေမှာဖြစ်ပါတယ်။