ပင်လယ်ရေမှော်ဟာ လူသားတွေရဲ့ အသားအရေလှပဖို့အတွက် အကျိုးပြုတဲ့အရာတစ်ခုအဖြစ် အလှကုန် အမျိုးမျိုးမှာ ထည့်သွင်းပေါင်းစပ်လာကြပါတယ်။
ပင်လယ်ရေမှော်မှာ ရေဓါတ်ထိန်းပေးနိုင်တဲ့ ဒြပ်ပေါင်းတွေကြွယ်ဝပြီးအရေပြားစိုပြေစေပါတယ်။ အရေပြား ကျန်းမာရေးအားနည်းမှုတွေကို ပင်လယ်ရေမှော်မှာပါတဲ့ ဇင့်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်တွေက အားဖြည့်ပေးပါတယ်။ အရေးအကြောင်းတွေဖြစ်ပေါ်လာပြီဆိုရင်လည်း ပင်လယ်ရေမှော် Extract လုပ်ထားတဲ့ ထုတ်ကုန်တွေကိုသုံးပေးခြင်းအားဖြင့် အရေးအကြောင်းသက်သာကင်းစင်စေပါတယ်။
ဒါ့အပြင် ဝက်ခြံ၊ အမည်းစက် စတဲ့ အရေပြားပြဿနာတွေအတွက်ပင်လယ်ရေမှော်ထုတ်ကုန်တွေကအကောင်း ဆုံးပါ။
ပင်လယ်ရေမှော်ကို မျက်နှာပေါင်းတင်ခရင်မ်၊ မျက်လုံးအောက်ခံခရင်မ်၊ ခန္ဓာကိုယ်လိမ်းဆေးတွေနဲ့ အလှကုန်ပစ္စည်းများစွာမှာ အသုံးပြုကြပါတယ်။ သဘာဝထွက်ကုန်တစ်ခုအနေနဲ့ ပင်လယ်ရေမှော်ဟာ အရေပြားထိန်းသိမ်းမှုအတွက် ထိရောက်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။
Sjoliv ဟာ ပင်လယ်ရေမှော် Extract ထုတ်ကုန်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရဲ့ပင်လယ်ကမ်းရိုးတန်းဒေသမှာ မွေးမြူစိုက်ပျိုးထားတဲ့ပင်လယ်ရေမှော်တွေကနေ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆပ်ပြာ၊ Serum, Body Lotion, Moisturizer, Toner, Face Mask တွေကို ထုတ်လုပ်ထားပါတယ်။ ကမ်းရိုးတန်းက နေ မှန်တင်ခုံအထိ ပြည်တွင်းမှာပဲနည်းစနစ်တကျထုတ်လုပ်ထားတာဖြစ်ပါတယ်။ သဘာဝကိုချစ်သူတွေအတွက် Sjoliv က အသင့်တော်ဆုံးပါ။