သဘာဝဆန်တဲ့ အလှကုန်တွေကို ဘာကြောင့်ရွေးချယ်သင့်တာလဲ

၂၁ ရာစုဟာ ဓါတုပစ္စည်းနဲ့ထုတ်လုပ်ထားတဲ့အလှကုန်တွေအစား သဘာဝထုတ်ကုန်တွေကိုပဲ အလေးပေး အသုံးပြုတဲ့ခေတ်ဖြစ်ပါတယ်။ ဘာကြောင့်ပါလဲ။

အကြောင်းရင်းတွေကို ဝေမျှပါရစေ။

ပင်လယ်ရေမှော်၊ သစ်သီး၊ ဟင်းသီးဟင်းရွက်တို့ကနေ ထုတ်တဲ့ အလှကုန်တွေဟာအစိုဓါတ်ကိုကြာရှည် စွာထိန်းပေးပြီး အရေပြားဓါတ်မတည့်ခြင်းတွေကိုလျော့ကျစေနိုင်ပါတယ်။

Vegan Skincare တွေဟာ ဓာတုပစ္စည်း၊ မိုက်ခရိုပလတ်စတစ်တွေမပါဝင်တာကြောင့် ရေထု၊ မြေထု ညစ် ညမ်းမှုကိုလျှော့ချစေနိုင်ပါတယ်။ ဒါကြောင့် Vegan Skincare သုံးသူတွေဟာ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ပါဝင်နေကြသူတွေလို့ဆိုနိုင်ပါတယ်။

Vegan Skincare တွေဟာ တိရစ္ဆာန်တွေကို စမ်းသပ်တာမျိုးမလုပ်ရပါဘူး။ ပြီးတော့ တိရစ္ဆာန်လေးတွေက နေရတဲ့ ပစ္စည်းတွေမပါဝင်ပါဘူး။ ဒါကြောင့် တိရစ္ဆာန်တွေအပေါ် ဂရုဏာသက်ရောက်မှုပေးရာလည်း ကျ ပါတယ်။

ပင်လယ်ရေမှော်၊ လက်ဖက်စိမ်းအဆီ၊ ရှားစောင်းလက်ပပ်လို ပစ္စည်းမျိုးတွေဟာ အရေပြားအတွက် အကျိုးပြုဗီတာမင်တွေပါဝင်တာမို့လို့ ဓါတုဗေဒထုတ်ကုန်တွေထက် ထိရောက်မှုအားပိုကောင်းပါတယ်။