လှလို့မကုန် Sjoliv ထုတ်ကုန်

အသားအရေကောင်းခြင်းအတွက် ပင်လယ်ရေမှော်ဟာဘယ်လောက်အတိုင်းအတာအထိအသုံးဝင်သလဲဆိုတာ သိပါသလား။ birdie ဝက်ဘ်ဆိုက်ရဲ့အဆိုအရ ပင်လယ်ထဲမှာ ပင်လယ်ရေမှော်အမျိုးအစားပေါင်း သုံးသောင်းကျော်ရှိပြီး အမျိုးအစားတစ်ခုချင်း အပေါ်လိုက်ပြီး ဗီတာမင်၊ မင်နရယ်၊ အမိုင်နိုအက်စစ်၊ ပရိုတင်း အစရှိတဲ့ စွမ်းအားမြင့် သဘာဝကောင်းခြင်းတွေ ရှိနေပါတယ်။

ကျွမ်းကျင်ပညာရှင်များရဲ့ သုတေသနအရ ပင်လယ်ရေမှော်ဟာ အလှအပေရေးရာမှာ အခုလိုမျိုး စွမ်းအင်တွေ ရှိတယ်ဆိုတာ ကိုးကားဖော်ပြပေးပါရစေ။

တောက်ပခြင်း

အသားအရေရဲ့အဆီပြန်ခြင်းကိုကာကွယ်ပေးပြီး စိုစိုပြေပြေဖြစ်စေပါတယ်။ ခြောက်သွေ့မှုကင်းဝေးပြီးမညီ မညာဖြစ်နေတဲ့ အသားအရေကို ညီညီညာညာဖြစ်ကာ ကြည်တောက်ရှင်းစေမယ်လို့ဆိုထားပါတယ်။ ဒါကြောင့် ရေဓါတ်လိုနေတဲ့အသားအရေအတွက်သော်လည်းကောင်း၊ အဆီပြန်ခြင်းအတွက်သော်လည်းကောင်း၊ ထိလွယ် ရှလွယ်တဲ့အသားအရေ (sensitive) အတွက်သော်လည်းကောင်း ပင်လယ်ရေမှော်ထုတ်ကုန်တွေက ကုစားပေး မှာဖြစ်ပါတယ်။ ပုံမှန်သုံးပေးခြင်းအားဖြင့် တောက်ပတဲ့အသားအရေကိုပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

ဝက်ခြံကင်းစင်ခြင်း

အသားအရေကိုအနှောက်အယှက်ပေးစေတဲ့ ဘတ်တီးရီးယားပိုးမွှားတွေကို ပင်လယ်ရေမှော်ကတိုက်ထုတ်ပေး ပါတယ်။ ဒါကြောင့် ဝက်ခြံကြောင့်ဖြစ်စေတဲ့ဘေးဥပဒ်တွေကို ပိုင်ဆိုင်ထားတယ်ဆိုရင် ပင်လယ်ရေမှော်နဲ့ ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကိုရွေးချယ်သုံးစွဲခြင်းအားဖြင့် ဝက်ခြံကင်းစင်စေမှာဖြစ်ပါတယ်။

အရေးအကြောင်းကင်းခြင်း

အသက်အရွယ်ကြောင့်အရသော်လည်းကောင်း၊ သဘာဝအရသော်လည်းအကောင်းဖြစ်ပေါ်လာတဲ့ မျက်နှာ ပေါ်က အရေးအကြောင်းတွေကို တိုက်ထုတ်ဖို့ဆိုရင် ပင်လယ်ရေမှော်နဲ့ထုတ်လုပ်ထားတဲ့ အလှကုန်တွေကို ပုံမှန် သုံးစွဲသင့်တယ်လို့ဆိုပါတယ်။

ကော်လဂျင်

ကော်လဂျင် (Collagen) ဆိုတာ အသက်အရွယ်ကြီးလာလေပိုပြီးလိုအပ်လေဆိုတဲ့ ခန္ဓာကိုယ်လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကုန်းနေရေနေသတ္တဝါအမျိုးမျိုးဆီကနေရတဲ့ ကော်လဂျင်ကို အလှကုန်အဖြစ်၊ စားသောက်ကုန်အဖြစ် ပုံစံအမျိုးမျိုးနဲ့ လူတွေက သုံးစွဲနေကြပါတယ်။ ပင်လယ်ရေမှော်မှာ ကော်လဂျင်အပြည့် အဝပါရှိပြီး အပင်ကရတာဖြစ်တဲ့အတွက် လူကြိုက်များပါတယ်။

Sjoliv ထုတ်ကုန်တွေဟာ ပင်လယ်ရေမှော်နဲ့ထုတ်ထားတဲ့ ပြည်တွင်းဖြစ်သဘာဝထုတ်ကုန်ဖြစ်ပါတယ်ဆိုတဲ့ အကြောင်းလေးလည်း သတင်းကောင်းပါးလိုက်ပါတယ်။