ဈေးကွက်ထဲမှာရှိတဲ့ အလှကုန်တွေအားလုံးကိုဝယ်ပြီး အလှပြင်မယ်ဆိုပါတော့။
သေချာပါတယ် …အချိန်တွေအကြာကြီးအထိအလှတွေပြင်လို့မကုန်နိုင်ပါဘူး။ အသီးနဲ့ပြုလုပ်ထား တဲ့ အလှကုန်တွေရှိမယ်၊ အနံ့နဲ့ပြုလုပ်ထားတဲ့အလှကုန်တွေရှိမယ်၊ အရွက်တွေနဲ့ပြုလုပ်ထားတဲ့အလှကုန် တွေရှိမယ်၊ သတ္တဝါလေးတွေရဲ့အကြေးခွံ၊ အသား စတာတွေနဲ့ပြုလုပ်ဖော်စပ်ထားတဲ့အလှကုန်တွေ ရှိမယ် စသည်ဖြင့် ပစ္စည်းပေါင်းသောင်းခြောက်ထောင်တွေကြားထဲမှာ ရွေးချယ်ရခက်တဲ့အခိုက်အတန့် တွေရှိတတ်ကြမှာပါ။
အဲဒီအထဲမှာမှ လူတစ်ချို့ကတော့ သဘာဝနဲ့ အနီးစပ်ဆုံး အလှကုန်ကိုပဲ ရွေးချယ်သုံးစွဲတတ်ကြပါတယ်။ သဘာဝထုတ်ကုန်တွေထဲမှာလည်း အသီးအစစ်နဲ့ပြုလုပ်ထားတာတွေရှိသလို၊ သစ်ရွက်၊ သစ်ခေါက်တွေ နဲ့ ပြုလုပ်ထားတာတွေလည်းရှိပါတယ်။ ဒါ့အပြင် ပင်လယ်ရေမှော်နဲ့ ပြုလုပ်ထားတဲ့အလှကုန်တွေလည်း ကမ္ဘာမှာ တံဆိပ်ပေါင်းများစွာရှိလာပါပြီ။
ဘာကြောင့် ပင်လယ်ရေမှော်နဲ့ အလှကုန်ထုတ်ကြသလဲ
ရည်ရွယ်ချက်၊ အားသာချက်အမျိုးမျိုးတွေ ကြားထဲမှာ ပင်လယ်ရေမှော်အလှကုန်တွေဟာလည်းထူးခြား ချက်တစ်ခုဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှင်းပါတယ်။ ပင်လယ်ရေမှော်က Marine Collagen အပြည့်အဝပါတဲ့အပင်၊ ရေမှာပေါက်တဲ့အပင်ဖြစ်နေလို့ပါ။ ငါး၊ ပုစွန်တွေဆီကနေရတဲ့ Marine Collagen ထက်စာရင် ပင်လယ်ရေမှော်ကရတဲ့ Marine Collagen က ပိုသုံးလို့ကောင်းတယ်ပေါ့။ ရေနေ သတ္တဝါလေးတွေရဲ့အသက်ကိုစတေးစရာမလိုတဲ့ Vegan ဖြစ်တယ်ပေါ့လေ။ ဒီတစ်ချက်ကြောင့်ပဲ အားလုံး ထက်သာတဲ့ဈေးကွက်နေရာကို ပင်လယ်ရေမှော်နဲ့ထုတ်လုပ်ထားတဲ့အလှကုန်တွေရောက်ရှိနေ ခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့ဈေးကွက်အသီးသီးမှာတွေ့ရတဲ့ ပင်လယ်ရေမှော်ထုတ်ကုန်တွေကြားထဲ မြန်မာပြည်တွင်းထုတ်ကုန်တစ်ရပ်အနေနဲ့ Sjoliv လည်း ပြီးခဲ့တဲ့နှစ်တွေကတည်းက စတင်ဝင်ရောက်ခဲ့ပါတော့တယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံ၊ ချောင်းသာ အနီးတစ်ဝိုက်ပင်လယ်ပြင်မှာ မွေးမြူထားတဲ့ ပင်လယ်ရေမှော်စိုက်ခင်းတွေဆီကနေရတဲ့ ပင်လယ်ရေမှော်ကို မှန်တင်ခုံအထိ အလှကုန်အဖြစ် အရောက်ပို့ဆောင်နိုင်ခဲ့ပါပြီ။
ဒါဟာ Sjoliv ရဲ့ အမြဲဂုဏ်ယူနေရတဲ့အားသာချက်တစ်ခုလို့ဆိုချင်ပါတယ်။