အရေးအကြောင်းကင်းဖို့အတွက်

အသက် ၃၀ ကျော်မှ အရေးအကြောင်းပေါ်လာတယ်လို့မထင်လိုက်ပါနဲ့။

မျက်နှာပေါ်ကအရေးအကြောင်းဆိုတာ အသက်အရွယ်အလိုက်၊ ကိုယ့်ရဲ့နေထိုင်စားသောက်မှုအလိုက်၊ မျိုးရိုးဗီဇာအလိုက် တစ်ယောက်နဲ့တစ်ယောက်မတူညီကြပါဘူး။ တစ်ချို့က ငယ်ငယ်ကလေးနဲ့ အရေး အကြောင်းပေါ်တယ်၊ တစ်ချို့ကတော့ အသက် ၄၀ ကျော်တဲ့အထိ အရေးအကြောင်းမပေါ်ဘူး။ ပုံမှန်ဆိုရင်တော့ အရေးအကြောင်းတွေပေါ်လာတာဟာ အသက်အရွယ်ရလာလို့ပဲဖြစ်ပါတယ်။ အီလတ်စတင် ( elastin ) ဓါတ်တွေပျက်စီး လျော့ပါးလာတဲ့အတွက် အရေပြား ရှုံ့ တွဲကျ လာတာဖြစ်ပြီး ဖိုက်ဘရိုဘလပ် ဆဲလ် ( fibroblasts ) တေါယိုယွင်းလာလို့ collagen နဲ့ elastin ထုတ်လုပ်မှု လျော့လာတာ ကြောင့်ပဲဖြစ်ပါတယ်။

သေချာတာတစ်ခုကတော့ ဘယ်သူကမှ အရေးအကြောင်းကြီးနဲ့ မနေချင်ကြပါဘူး။ ဒီတော့ အရေးအကြောင်း ကင်းစင်ပြုံးပျော်ရွှင်ဖို့ ဆင်ခြင်သင့်တာတွေကို ဆင်ခြင်ရပါတယ်။ ခရမ်းလွန်ရောင်ခြည်ကိုရှောင်ရတာမျိုး၊ ဆေးလိပ်အလွန်အကျွံမသောက်မိအောင်ဆင်ခြင်ရတာမျိုး၊ သကြားစားသုံးမှုလျှော့ရတာမျိုးစသည်ဖြင့်ပေါ့။

တော်တော်များများပြုလုပ်ကြတဲ့နည်းလမ်းနောက်တစ်ခုကတော့ အရေးအကြောင်းကင်းစင်စေတဲ့ အလှကုန် တွေသုံးကြတာပါပဲ။ ကော်လဂျင်ကြွယ်ဝတဲ့အလှကုန်တွေကိုသုံးကြရပါတယ်။

လူတွေမှာ အသက် ၂၀ ဝန်းကျင်ကနေစလို့ ခန္ဓာကိုယ်မှာ ကော်လဂျင်တွေ လျော့နည်းလာတတ်ပါတယ်။

ခန္ဓာကိုယ်က ကော်လဂျင်များများမထုတ်ပေးနိုင်တဲ့အခါ အ‌ရေးအကြောင်းတွေများလာမယ်၊ ကြွက်သား တွေအားနည်းလာမယ်၊ အရွတ်တွေ တင်းကြပ်လာမယ်၊ အဆစ်အမြစ်ပြသနာတွေဖြစ်လာပါလိမ့်မယ်။

Marine Collagen ဆိုတာ ရေထွက်သတ္တဝါ၊ အဓိကအားဖြင့် ငါးအရေပြားတွေကနေရရှိတတ်ပါတယ်။ Marine Collagen ကို ဖြည့်စွက်စာအနေနဲ့ သောက်သုံးကြပြီး အလှကုန်ပစ္စည်းတွေမှာလည်းအသုံးပြုကြ ပါတယ်။ ခန္ဓကိုယ်ကြံ့ခိုင်ဖို့အတွက်လိုအပ်တဲ့ ကော်လဂျင်တွေကိုဖြည့်စွက်စာအဖြစ် အမှုန့်၊ ဆေးပြား၊ အရည် စသည်ဖြင့် ထုတ်လုပ်မှုပုံစံအမျိုးမျိုးနဲ့အသုံးပြုကြပါတယ်။ အသားအရေအတွက်ကျတော့လည်း အလှ ကုန်ပစ္စည်းအမျိုးမျိုးမှာ ပုံစံမျိုးစုံနဲ့ထုတ်လုပ်သုံးစွဲကြပါတယ်။

Marine Collagen ပါတဲ့အလှကုန်တွေဟာ အရည်အသွေးမြင့်မားပြီး ထိရောက်မှုအားလည်း ကောင်းမွန် လှပါတယ်။

ဒါကြောင့် Marine Collagen ပါဝင်တဲ့ အလှကုန်တွေကို အသုံးပြုခြင်းအားဖြင့် အရေးအကြောင်းကင်း ခြင်း၊ အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေခြင်း၊ အသားအရေကောင်းမွန်ခြင်း စတဲ့ အကျိုးကျေးဇူးတွေရရှိမှာ ဖြစ်ပါတယ်။

ပင်လယ်ရေနေသတ္တဝါလေးတွေကနေ ထုတ်လုပ်ထားတာ ကြောင့် တစ်ချို့က Marine Collagen ကို အသုံးပြုဖို့ ချိတုံချတုံဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်အသားအရေအလှအပအတွက် မဖြစ်မနေ Marine Collagen ကို သုံးရမယ်ဆိုသူတွေအတွက်ကတော့ ပင်လယ်ရေမှော်ကနေ ထုတ်တဲ့ အလှကုန် ပစ္စည်းတွေ ကို အသုံးပြုနိုင်ပါတယ်။

ပင်လယ်ရေမှော်ဟာ Marine Collagen အပြည့်အဝပါရှိပြီး ပင်လယ်ရေနေသတ္တဝါလေးတွေကနေရရှိတာ မဟုတ်လို့ အသားအရေလှပဖို့အတွက် စိတ်ရှင်းရှင်းနဲ့ သုံးနိုင်တဲ့ပစ္စည်းပါ။

Sjoliv ထုတ်ကုန်တွေအားလုံး (Body Lotion, Serum, Face Mask, Soap) ဟာ ပင်လယ်ရေမှော်ကို အဓိကအသုံးပြုပြီးထုတ်လုပ်ထားတာမို့လို့ Marine Collagen အပြည့်အဝပါရှိတဲ့ အလှကုန်တွေဖြစ်တဲ့ အကြောင်း သတင်းကောင်းလေးပါးလိုက်ပါရစေ။

မျက်နှာပေါ်က အရေးအကြောင်းတွေ သက်သာကင်းစင်ချင်ရင်တော့ Sjoliv ရဲ့ Serum ကိုသုံးကြည့်ဖို့တော့ လိုပါမယ်။