Cosmetics သုံးရင် Organic, Natural ဆိုတဲ့စာလုံးတွေကိုတွေ့ရင် ဒါကတော့ ကျန်းမာရေးနဲ့ ညီတယ်ဆိုပြီး တွေးဖူးကြတယ်ဟုတ်။
မမှားပါဘူး။ အင်တာနက်အကိုးအကားတွေ၊ သုတေသနတွေအရ အောက်ဖော်ပြပါ အချက်လေးတွေဟာ သဘာဝနဲ့ အနီးစပ် ဆုံး Cosmetics တွေကို သုံးသင့်တယ်လို့ ဆိုကြပါတယ်။
(၁) ထိရောက်တဲ့ရလာဒ်
ယှဉ်လာရင် သဘာဝပစ္စည်းတွေဟာ ရလဒ်ပိုကောင်းကြတယ်လို့ဆိုပါတယ်။ အမှန်အကန်ပစ္စည်းတွေကိုသာသုံးပြီးပြုလုပ်ထားတာမို့ ရလဒ်အမှန်အကန်ထွက်တာသူ့ရဲ့ပကတိအမှန်တရားပဲဖြစ် ပါတယ်။
(၂) အသားအရေအတွက် စိတ်ချရတယ်
ဓါတုပစ္စည်းတွေတစ်ချို့ကြောင့် အသားအရေထိခိုက်တာမျိုး၊ မျက်နှာပေါ်ဝက်ခြံတွေထွက်လာတာမျိုးကြုံဖူး ကြမှာပါ။ ဒါတွေဟာ သဘာဝနဲ့အနီးစပ်ဆုံးထုတ်လုပ်ထားတဲ့ပစ္စည်းတွေမှာတော့ ဖြစ်မှုအင်မတန်နည်းပါတယ်။ ဒါကြောင့် side effects ကိုကြောက်သူတွေအတွက် သဘာဝပစ္စည်းတွေက နံပါတ် (၁) နေရာမှာပါ။
(၃) အာဟာရစွမ်းအား
သဘာဝထုတ်ကုန်တွေဟာ အာဟာရပြည့်တဲ့ထုတ်ကုန်တွေလို့လည်းပြောထားကြပါတယ်။ ဒီလိုထုတ်ကုန်တွေ ကိုသုံးခြင်းအားဖြင့် ပါဝင်တဲ့ organic ingredients အလိုက် ရလဒ်ကောင်းတွေပိုင်ဆိုင်နိုင်မှာပါ။ ဉပမာအား ဖြင့် သဘာဝထုတ်ကုန်တွေမှာ vitamins, proteins, နဲ့ anti-oxidants တွေကြွယ်ဝတတ်ပါတယ်။
(၄) သဘာဝနဲ့လိုက်လျောညီထွေရှိတယ်
ဒါကတော့ နောက်ဆုံးအချက်မှာဘာလို့ထည့်ထားရသလဲဆိုတော့ လှဖို့ကအရင်ဦးစားပေးတတ်ကြလို့ပါ။ လှချင်၊ ပ,ချင်ကြတယ်၊ သဘာဝနဲ့လိုက်လျောညီထွေပစ္စည်းကိုသုံးရင် အလှက ပိုပြီးစစ်မှန်တယ်၊ စိတ်ချရတယ်၊ အာဟာ ရစွမ်းအားပိုမြင့်တယ်။ ဒီနောက်ကွယ်မှာတော့ သဘာဝပစ္စည်းတွေဟာ eco-friendly ဖြစ်တယ် ဆိုတာပါပဲ။
အော်..ဒါနဲ့ Sjoliv က ပင်လယ်ရေမှော်နဲ့ထုတ်လုပ်ထားတဲ့ သဘာဝထုတ်ကုန်ဖြစ်ပါတယ်။