Skin care ကမ္ဘာထဲက ပင်လယ်ရေမှော်

Skin care ကမ္ဘာကြီးကိုကြည့်လိုက်ရင် PHAs, hyaluronic acid, vitamin C အစရှိတဲ့ အသုံးအနှုန်းတွေ ကိုအများဆုံးတွေ့ရတတ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ မင်မင်တို့ လုံးဝသတိထားသင့်တဲ့ နာမည်လေးတစ်ခုရှိလာပါပြီ။ အဲဒါက ပင်လယ် ရေမှော်လို့ ခေါ်တဲ့ Seaweed ပဲဖြစ်ပါတယ်။

ပင်လယ်ရေမှော်ဟာ အာဟာရချို့တဲ့အသားအရေအတွက် ကောင်းမွန်တဲ့အရင်းအမြစ်ဖြစ်တယ်ဆိုပြီး သုတေသနအကိုးအကားတွေက ဖော်ပြပါတယ်။ အာဟာရချို့တဲ့တယ်ဆိုတာကတော့ အခုလိုဆောင်းရာ သီမှာ မတရားအသားခြောက်တာမျိုး၊ ရေဓါတ်ခမ်းခြောက်တာမျိုး ဒါမှမဟုတ် အသားအရေ ထိခိုက်လွယ် (Sensitive skin) တာမျိုးတို့ကိုဆိုလိုတာပါ။ ပင်လယ်ရေမှော်ဟာ အံအားဖွယ်သင့်လောက်အောင် ရေဓါတ်ကိုဖြည့်တင်းပေးတဲ့ အစိုဓါတ်ထိန်း‌ဆေးတစ်မျိုးလို့လည်းဆိုနိုင်ပါတယ်။ သူ့မှာ ဗီတာမင်နဲ့ သတ္တု ဓါတ်တွေပါဝင်တာကြောင့် အရေးအကြောင်းကင်းစေတာမျိုး၊ အသားအရေတင်းရင်းစေတာမျိုးအတွက် လည်း အသုံးတည့်တဲ့ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။

သုတေသနပြုချက်တွေအရ ပင်လယ်ရေမှော်ဟာ အရေအပြားကို ကောင်းမွန်တဲ့အထောက်အပံ့ပြုပေးနိုင် တဲ့ elastin နဲ့ collagen တို့ကို မြှင့်တင်ပေးနိုင်ပြီး အိုမင်းရင့်ရော်မှုကို ကာကွယ်နှောင့်နှေးစေမယ့်အကျိုး ကျေးဇူးရှိတယ်လို့ဆိုပါတယ်။ collagen ဆိုတာက အသက် ၂၅ နှစ်ကျော်လာရင် လူတိုင်းသုံးစွဲမှီဝဲသင့်တဲ့ အရာဆိုပြီး သတ်မှတ်ထားကြတာမို့ collagen နဲ့ပတ်သက်တဲ့ဆေးတွေ၊ အလှကုန်တွေကို တကူးတကရှာ ကြံသုံးစွဲကြရပါတယ်။ collagen ထဲမှာမှ ပင်လယ်ကရရှိတဲ့ collagen က အာနိသင်အကောင်းဆုံးလို့ဆို ပြန်ပါတယ်။ ဒါကြောင့် Marine collagen ကို ငါး၊ ပုစွန် အစရှိတဲ့ ရေနေသတ္တဝါလေးတွေကနေ ထုတ်ယူပြီး အလှကုန်၊ ဆေးဝါးအစရှိတာတွေအတွက်သုံးစွဲကြပါတယ်။

တစ်ချို့ကတော့ ရေနေသတ္တဝါလေးတွေရဲ့ အသက်နဲ့ပြုလုပ်ထားတာကြောင့် marine collagen ကိုသုံးဖို့ တွန့်ဆုတ်တာမျိုးတွေရှိနေတတ်ပါတယ်။ ဒီလိုအခြေအနေမှာတော့ ပင်လယ်ရေမှော်ကအကောင်းဆုံးပဲ ဖြစ်ပါတယ်။ ပင်လယ်ရေမှော်ကိုသုံးစွဲခြင်းအားဖြင့် ရေနေသတ္တဝါလေးတွေရဲ့အသက်မဆုံးရှုံးရဘဲ Marine collagen အပြည့်အဝရရှိစေမှာပါ။

ဒီအချက်တွေကြောင့်ပဲ Skin care ကမ္ဘာကြီးထဲမှာ ပင်လယ်ရေမှော်ထုတ်ကုန်လေးတွေရောက်ရှိလာကြ တာပဲဖြစ်ပါတယ်။

လူကြီးမင်းအနေနဲ့ Skin care ကိုတစ်ခါမှမသုံးဖူးဘူး၊ ဓါတုပစ္စည်းတွေနဲ့ဖော်စပ်ထားတဲ့ Skin care တွေ ကိုမသုံးချင်ဘူး၊ Marine collagen လည်းအပြည့်အဝလိုချင်တယ် ဆိုရင်တော့ လွယ်ပါတယ်။ လူကြီးမင်း ရဲ့ Skin care routine ကို ပင်လယ်ရေမှော်ထုတ်ကုန်တွေနဲ့ ဒီနေ့ပဲ စတင်လိုက်တော့နော်။

Sjoliv ကတော့ Body Lotion, Face Serum, Soap, နဲ့ Face Mask တွေထုတ်လုပ်ထားပြီး ပင်လယ် ရေမှော်စိုက်ခင်းတွေကနေ မှန်တင်ခုံအထိ ပြည်တွင်းမှာပဲ ထုတ်လုပ်ထားတဲ့ ရာနှုန်းပြည့်သဘာဝထုတ် ကုန်ဖြစ်ပါတယ်။