အရင်ဆုံးပြောချင်တာက Sjoliv လို ပြည်တွင်းထုတ်သဘာဝအလှကုန်တွေကို သုံးနိုင်လာတဲ့အကျိုးကျေး ဇူးပါပဲ။ ဒါပေမဲ့ ဒီထက်ပိုပါတယ်။ ပင်လယ်ရေမှော် မွေးမြူခြင်းရဲ့အကျိုးကျေးဇူးတွေအများကြီးရှိပါ တယ်။
ဝင်ငွေရရှိခြင်း
ကမ်းရိုးတမ်းဒေသမှာနေထိုင်တဲ့သူတွေအနေနဲ့ ပင်လယ်ရေမှော်ကိုမွေးမြူထားလို့ရှိရင် တစ်နှစ်ပတ်လုံး ငွေဝင်နိုင်မှာဖြစ်ပါတယ်။ အမြဲတစေတော့ ပင်လယ်ရေမှော်စိုက်ခင်းတွေကို ဂရုတစိုက်၊ တယုတယထား ဖို့တော့လိုတာပေါ့။ ဝင်ငွေအတွက် တစ်နိုင်တစ်ပိုင်ကနေ စီးပွားဖြစ်အထိ မွေးမြူနိုင်မှာဖြစ်ပါတယ်။
ကျန်းမာရေးနှင့်ညီညွတ်ခြင်း
ပင်လယ်ရေမှော်မွေးမြူတဲ့နေရာမှာ ဓာတု၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးတွေ လုံးဝအသုံးပြုစရာမလိုတဲ့ အတွက် အာဟာရတန်ဖိုးမြင့်မားမှာဖြစ်ပါတယ်။ ဈေးကွက်ဝင်ပြီးကျန်းမာရေးနဲ့ညီညွတ်တာကြောင့် ပင် လယ်ရေမှော်ဟာ အစားအသောက်၊ အလှအပ အားလုံးအတွက် အသုံးဝင်တဲ့အပင်ပါ။
ရေကိုသန့်စင်ခြင်း
ရေထဲကနေ ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူပြီး အောက်ဆီဂျင်ထုတ်ပေးလို့ ရေထုကိုသန့်ရှင်း စင် ကြယ်စေတဲ့ ကောင်းခြင်းတွေလည်း ပင်လယ်ရေမှော်ကပေးပါသေးတယ်။ ဒါကြောင့် ပင်လယ်ရေပြင်ဂေ ဟစနစ်ကောင်းမွန်လာပြီး ငါးနေငါးထိုင်တွေလည်းတိုးပွားလာမှာဖြစ်ပါတယ်။
အလှတရားများကို ပိုင်ဆိုင်စေခြင်း
Sjoliv လိုမျိုး ပင်လယ်ရေမှော်ကိုအဓိကထားထုတ်လုပ်တဲ့ ပြည်တွင်းဖြစ်ထုတ်ကုန်တွေကို သုံးစွဲနိုင်လာ တာကြောင့် အလှတရားတွေကို ပိုင်ဆိုင်ရရှိစေမှာပဲဖြစ်ပါတယ်။ ပင်လယ်ရေမှော်မှာ Marine Collagen အပြည့်ပါဝင်တာကြောင့် အရေးအကြောင်းတွေကိုလျှော့ချပေးပြီး အသားအရေကိုတင်းရင်းနုပျိုစေမှာ ဖြစ်ပါတယ်။ ဝက်ခြံဖြစ်စေတဲ့ ဘတ်တီးရီးယားတွေကိုတိုက်ထုတ်ပေးပြီး အဆီပြန်တာတွေကိုပါတားဆီး ပေးမှာဖြစ်ပါတယ်။