ပင်လယ်ရေမှော်ဟာ ရေမှာပေါက်တဲ့အပင်မျိုးစိတ်ဆိုပေမယ့် အလွယ်တကူဖြစ်လာတာတော့မဟုတ်ပါ ဘူး။ ကမ်းရိုးတန်းရဲ့ရေပြင်ဂေဟစနစ်ကိုပိုကောင်းအောင်ထိန်းသိမ်းနိုင်ဖို့ထောက်ပံ့ပေးနေသလို လူတွေ ရဲ့ အလှအပအတွက် Sjoliv ထုတ်ကုန်ဆိုပြီး ဖြစ်လာခဲ့ပါပြီ။ ပင်လယ်ရေမှော်မွေးမြူခြင်းအတွက်အခုလို အဆင့်တွေကိုကျော်ဖြတ်ရပါတယ်။
နေရာရွေးချယ်ခြင်း
ပင်လယ်ရေမှော်ကိုစတင်မွေးမြူဖို့ သင့်တော်တဲ့နေရာကိုအရင်ဆုံးရွေးချယ်ရပါတယ်။ ရေအငန်နှုန်း၊ ရေအပူချိန်၊ ရေစီးကြောင်း၊ ရေအနက်၊ ရေအောက်ကြမ်းပြင်၊ ရေလှိုင်း အစရှိတဲ့ သတ်မှတ်ချက်စံချိန်စံနှုန်း တွေကိုလိုက်လံကြည့်ရှုပြီး မွေးမြူမယ့်နေရာကိုရွေးချယ်ရတာဖြစ်ပါတယ်။
ဒီဇိုင်းပုံစံနှင့်လုပ်ငန်းသုံးပစ္စည်းများ
သစ်ဘောင်နဲ့မွေးမြူမလား၊ ဘယ်လိုပုံစံနဲ့မွေးမလဲ ဆိုတာကို သတ်မှတ်ရွေးချယ်ပြီးလိုအပ်တဲ့ လုပ်ငန်း သုံးပစ္စည်းတွေကိုရွေးချယ်ဝယ်ယူရပါတယ်။
တည်ဆောက်ခြင်းနှင့် စီမံခန့်ခွဲခြင်း
နေရာနဲ့ ဒီဇိုင်းပုံစံကိုဆောင်ရွက်ပြီးတဲ့နောက်မှာတော့ မွေးမြူဧရိယာအတွက်ခွင့်ပြုချက်၊ ရေအောက် ဘောင်အတွက်ကုန်ကျစရိတ်၊ ဖောင်ပြင်ဆင်ခြင်း၊ အခြောက်လှမ်းစင်အတွက် ကုန်ကျစရိတ်၊ လုပ်ငန်းသုံး ပစ္စည်းကိရိယာတွေဝယ်ယူခြင်း၊ စီမံခန့်ခွဲမယ့်နေရာ၊ သိုလှောင်မယ့်နေရာ၊ လက်လှော်လှေ၊ စက်လှေ အစ ရှိတာတွေအတွက် ဆောင်ရွက်ရပါတယ်။
ဖြစ်ပေါ်တတ်သောစိန်ခေါ်မှုအတွက် ပြင်ဆင်ခြင်း
ပင်လယ်ရေမှော်မွေးမြူတဲ့ဘောင်တွေထဲကို ငါးတွေမဝင်ရောက်ဖို့၊ ပင်လယ်ရေမှော်မှာ အနာအဆာ၊ ရောဂါကင်းဖို့အစရှိတဲ့ စိန်ခေါ်မှုတွေအတွက် ပြင်ဆင်ထားရပါသေးတယ်။
အခြောက်လှန်းခြင်းအတွက် စီမံခန့်ခွဲခြင်း
ပင်လယ်ထဲမှာ မွေးမြူထားတဲ့ ရေမှော်ဘောင်ထဲကနေ သက်တမ်းစေ့လို့ထုတ်ယူအပြီးမှာတော့ အခြောက်လှမ်းဖို့အတွက် ပြင်ဆင်ရပါတယ်။ နေအပူချိန်နဲ့တိုက်ရိုက်မထိတွေ့အောင်၊ အနာအဆာမရှိ အောင်စသည်ဖြင့် ပင်လယ်ရေမှော်ပင်လေးတွေကို တယုတယပြုစုရတာဖြစ်ပါတယ်။
ပင်လယ်ရေမှော်ခြောက်တွေရရှိလာတဲ့အခါမှာတော့ Sjoliv ထုတ်ကုန်တွေကိုထုတ်လုပ်ဖို့ စတင်နိုင်ပြီ ဖြစ်ပါတယ်။