Body Lotion ဘာကြောင့်လိမ်းသင့်တာလဲ

Body Lotion ကို မိန်းကလေးတွေတင်မကဘဲ ယောင်္ကျားလေးတွေပါနေ့စဉ်အသုံးပြုသင့်ပြီး အသားအရေ ကျန်းမာရေးအတွက် လိုအပ်တဲ့အရာတစ်ခုလို့လည်းဆိုပါတယ်။

အပြင်မထွက်ခင်မှာပဲဖြစ်ဖြစ်၊ ရေချိုးပြီး တဲ့အခါမှာပဲဖြစ်ဖြစ် ပုံမှန်လေးသုံးသင့်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံ ကြည်မှုလည်းတိုးလာစေမှာဖြစ်ပါတယ်။

ညအိပ်ရာမဝင် Body Lotion လိမ်းပေးခြင်းဟာ အသားအရေအတွက် မယုံနိုင်လောက်အောင်ကောင်း ခြင်းတွေပေးတယ်လို့ drhealthbenefits ဝက်ဘ်ဆိုက်ကဖော်ပြထားပါတယ်။

Body Lotion တော်တော်များများဟာ အသားအရေကိုနူးညံ့ညင်သာစေမယ်၊ ခြောက်သွေ့မှုကင်းစေမယ်၊ အမည်းစက်တွေ သက်သာစေမှာဖြစ်ပါတယ်။ ရေချိုးပြီးချင်း ငါးမိနစ်အတွင်းမှာလိမ်းပေးခြင်းအားဖြင့် အစိုဓါတ်စိမ့် ဝင်လွယ်ပြီး ဒူးခေါင်း၊ တံတောင်ဆစ်၊ ခြေမျက်စိ စတဲ့အသားမာတက်လွယ်တဲ့နေရာတွေကို လည်း Body Lotion လိမ်းတဲ့အခါ ချန်ထားလို့မဖြစ်ဘူး လို့ ဆိုပါတယ်။

လက်ရှိ Body Lotion သုံးနေသူတွေဟာ-

  • အသားအရေအစိုဓါတ်ရရှိစေဖို့
  • အရေးအကြောင်းလေးတွေကင်းစေဖို့
  • တောက်ပတဲ့အသားအရေကိုပိုင်ဆိုင်ဖို့
  • ချောမွတ်တဲ့အသားအရေဖြစ်ဖို့
  • နေလောင်ဒဏ်ကာကွယ်ဖို့
  • ယုံကြည်မှုတိုးဖို့

စတဲ့ရည်ရွယ်ချက်တွေနဲ့ သုံးကြပါတယ်။ ဘယ်လိုအကြောင်း ကြောင့်ပဲဖြစ်ဖြစ် ကိုယ်နဲ့အသင့်တော်ဆုံး၊ အထိရောက်ဆုံး Body Lotion အမျိုးအစားကိုရွေးချယ်တတ်ဖို့တော့လိုပါတယ်။ ကိုယ့်အသားအရေဟာ Sensitive ဖြစ်ပြီး သဘာဝပစ္စည်းကိုသာသုံးချင်တဲ့သူဆိုရင်တော့ Sjoliv ကနေထုတ်လုပ်ထားတဲ့ Marine Collagen အပြည့် ပါဝင်တဲ့ Body Lotion ရှိတဲ့အကြောင်းလေး လက်တို့လိုက်ပါရစေ။