ပင်လယ်ရေမှော်နဲ့ ထုတ်လုပ်ထားတဲ့ Cosmetics တွေဟာ ကမ္ဘာတစ်ဝှမ်းရှိ အလှအပရေးရာစိတ်ဝင်စားသူတွေ ကြားမှာ ရေပန်းစားလာခဲ့ပါတယ်။ Sjoliv (ရှိးလစ်ဗ်) ကတော့ စိုက်ခင်းတွေကနေ မှန်တင်ခုံအထိ ပြည်တွင်းမှာ ပဲ အစ,အဆုံးထုတ်လုပ်ထားတဲ့ ပင်လယ်ရေမှော် Extract ထုတ်ကုန်တွေဖြစ်ပါတယ်။
သဘာဝအာဟာရဓာတ်များ ကြွယ်ဝခြင်း
ပင်လယ်ရေမှော်မှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နိုအက်ဆစ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်ပါတယ်။ အဲဒီအာဟာတွေဟာ အသားအရေအတွက် ဖြည့်တင်းပေးပြီး ရေဓါတ်ထိန်းသိမ်းနိုင် စွမ်းကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် ပင်လယ်ရေမှော် ပါဝင်တဲ့ Cosmetics တွေကို သုံးခြင်းအားဖြင့် စိုပြေ လန်းဆန်း၊ ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။
အသားအရေကောင်းမွန်ခြင်း
ပင်လယ်ရေမှော်မှာ ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ အသားအရေကို ပျက်စီးစေနိုင်တဲ့ ဓါတ်တွေကို တိုက်ဖျက်ပေးပါတယ်။ ဒါကြောင့် အသားအရေရဲ့ အိုမင်းရင့်ရော်မှုတွေကို နှေးကွေးစေပြီး အရေးအကြောင်း တွေကို လျော့ပါးသက်သာစေမှာဖြစ်ပါတယ်။ ဒါကြောင့် နုချင်ရင် ပင်လယ်ရေမှော်ပါတဲ့ Cosmetics ကို သုံးစေချင်ပါတယ်။
ရေဓါတ်ထိန်းပေးခြင်း
ပင်လယ်ရေမှော်မှာ သဘာဝအစိုဓာတ်ထိန်းသိမ်းနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ ဒါကြောင့် ပင်လယ်ရေမှော်ပါဝင်တဲ့ Cosmetics တွေဟာ ရေဓာတ်ကို ထိန်းသိမ်းပေးပြီး ခြောက်သွေ့ခြင်းကနေ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အသားအရေကို ပျော့ပျောင်းစေပြီး ချောမွေ့စေပါတယ်။
အသားအရေကို သန့်စင်ပေးခြင်း
ပင်လယ်ရေမှော်မှာ ပါဝင်တဲ့ သတ္တုဓာတ်တွေနဲ့ အာဟာရဓာတ်တွေဟာ အသားအရေကို သန့်စင်ပေးပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဒါကြောင့် ပင်လယ်ရေမှော်ပါဝင်တဲ့ မျက်နှာသစ်ဆေး၊ Toner တွေကို သုံးခြင်းအားဖြင့် အသားအရေကို သန့်ရှင်းစေပြီး ဝက်ခြံနဲ့ အဆီဖုတွေကို လျော့ပါးစေပါတယ်။
သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ခြင်း
ပင်လယ်ရေမှော်ဟာ သဘာဝအရင်းအမြစ်တစ်ခုဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပါးပါတယ်။ ဒါကြောင့် ပင်လယ်ရေမှော်ပါဝင်တဲ့ Cosmetics တွေကို အသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာမှာ လည်း အထောက်အကူပြုနိုင်ပါတယ်ဆိုတဲ့အကြောင်းပြောလိုက်ပါရစေ။