ပင်လယ်ထဲက အလှနတ်သမီး

တစ်ခါတုန်းကပေါ့။

သစ်ခုတ်သမားဟာ မြစ်ကမ်းဘေးမှာ သစ်ခုတ်နေရင်း ပုဆိန်ရေထဲကိုလွတ်ကျသွားသတဲ့။ သူ့မှာအခြား ပုဆိန်အပိုလည်းမရှိ၊ ဝယ်ဖို့ကလည်းမတတ်နိုင်တော့ ရေထဲကျသွားတဲ့ ပုဆိန်ကိုနှမြောပြီးငိုနေတော့တာပေါ့။

ငိုတာကြာလာတော့ မြစ်စောင့်နတ်သမီးကလည်းမနေနိုင်တော့ဘဲ သစ်ခုတ်သမားရှေ့ ကိုယ်ယောင်ပြပြီး “အို..အသင်လူသား..အဘယ့်ကြောင့် ငိုရသနည်း” လုပ်ရတော့တာပေါ့။ အဲဒီမှာ သစ်ခုတ်သမားကလည်း အကျိုးအကြောင်းကိုပြောပြရတော့တယ်။

“ကျွန်တော့်အမျိုးတွေ အညာကနေ ပို့လိုက်တဲ့ သနပ်ခါးတုံးကို အပိုင်းကလေးတွေဖြစ်အောင်ဖြတ်ပြီး အိမ်ကအမျိုးသမီးကိုပေးမလို့ပါ။ ကျွန်တော်ခုတ်နေတာ သနပ်ခါးတုံးကြီးတွေပါ။ အမျိုးသမီးက အလှသိပ်ကြိုက်တယ်၊ ညဆိုခြေဆုံးခေါင်းဆုံးသနပ် ခါးလိမ်းပြီးမှ အိပ်တယ်၊ နေ့ဖက်ဆိုရင်လည်း သနပ်ခါးမပျက်လှလှလေးနေတယ်၊ ဒါကြောင့် အမြဲတမ်း ဝင်းဝါစိုပြည်ပြီးလှနေတာ၊ အခုလိုပုဆိန်ရေ ထဲကျသွားတော့ သနပ်ခါးတုံးတွေအနေတော်လေးဖြစ်အောင်မဖြတ်နိုင်တော့ဘူး။ အမျိုးသမီးကိုလက် ဆောင်မပေးနိုင်တော့ဘူး၊ ဒါကြောင့် ဝမ်းနည်းပြီးငိုတာပါ”

မြစ်စောင့်နတ်သမီးက သစ်ခုတ်သမားရဲ့အချစ်ကိုလေးစားသွားပြီး အဆင်ပြေအောင်လုပ်ပေးဖို့ဆုံးဖြတ် လိုက်တယ်။ ခဏလေးစောင့်ဆိုပြီး မြစ်ထဲကိုဆင်း၊ သုံးမိနစ်လောက်ကြာတော့ ပြန်ရောက်လာတယ်။ လက်ထဲမှာ ရွှေပုဆိန်၊ ငွေပုဆိန်၊ သံပုဆိန်နဲ့ အခြားပစ္စည်းထုတ်လေးတစ်ထုတ်ပါလာတယ်။

ထုံးစံအတိုင်း သစ်ခုတ်သမားက ရိုးသားတော့ ရွှေပုဆိန်၊ ငွေပုဆိန်ကို ငြင်းပြီး သူ့နဂို သံပုဆိန်ကိုပဲယူ လိုက်တာပေါ့။ မြစ်စောင့်နတ်သမီးက ပုံပြင်ထဲကလို ရွှေပုဆိန်နဲ့ ငွေပုဆိန်ကို extra အဖြစ်မပေးတော့ ဘဲ ပစ္စည်းထုတ်လေးကို ရိုးသားမှုလက်ဆောင်အနေနဲ့ပေးလိုက်ပါတယ်။

“အဲဒီအထုတ်လေးထဲမှာ ပစ္စည်းလေးမျိုးရှိတယ်၊ မိုးလင်းလို့မျက်နှာသစ်တဲ့အခါ အဲဒီအထဲကဆပ်ပြာနဲ့သစ်၊ တစ်နေကုန်သဘာဝရနံ့လေးနဲ့ Body Lotion လေးလူး၊ Serum လေးလိမ်း၊ တစ်ပတ်နှစ်ခါ Face Mask လေး သုံးပြီးအိပ်ပါ၊ အသင်လူသားရဲ့အမျိုးသမီး မကြာခင်မှာ ပိုပြီးလှလာလိမ့် မယ်၊ ဒါတွေက Sjoliv လို့ခေါ်တယ်၊ ပုံမှန်သုံးပေးရင် အသားအရေဝင်းလက်စိုပြေတယ်၊ ဝက်ခြံအဖုအမည်းစက်တွေသက်သာတယ်၊ ကြည်လင်ပြီးတောက်ပနေတယ်၊ အရေးအကြောင်းတွေ သက်သာလျော့ပါးစေလို့ အမြဲနုပျိုနေတယ်၊ အကျွန်ုပ်ဆို လူသားဘဝကတည်းက သုံးလာတာဖြစ်လို့ အခုလိုတောက်ပ လှပစိုပြေနေတာပါ၊ အသင်လူသား အမျိုးသမီးကို သနပ်ခါးသွေးပေးစရာမလိုတဲ့အပြင် အခုလို သနပ်ခါးတုံးကြီးကို အပိုင်းလေးတွေဖြစ်အောင် မြစ်ကမ်းဘေးလာခုတ်စရာမလိုတော့ဘူးပေါ့” လို့ ဆိုလိုက်တဲ့အခါ သစ်ခုတ်သမားလေး ပျော်ပြီးပြန်သွားတော့တယ်။

အိမ်မှာ သူ့အမျိုးသမီးက အလှပြင်ဖို့စောင့်နေတယ်လေ။