Sjoliv ရဲ့ နောက်ခံဇာတ်ကြောင်း

ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံကမ်းခြေမှာရှိတဲ့ ပင်လယ်ရေမှော်မွေးမြူတဲ့စိုက်ခင်းတွေ ဆီကနေ Sjoliv ရဲ့ ဖြစ် တည်မှုစတင်ခဲ့ပါတယ်။

ပင်လယ်ရေမှော်မွေးမြူရေးစိုက်ခင်းတွေက ထွက်တဲ့ကုန်ကြမ်းတွေကို Worldview Community Development ကုမ္ပဏီက ဝယ်ယူပြီး Sjoliv ဆိုတဲ့အလှကုန်တွေစတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ပင်မရည်ရွယ်ချက်ကတော့ Sjoliv Local Skincare Brand ရောင်းချလို့ ရရှိတဲ့ အကျိုး အမြတ်ကို ပင်လယ်ရေမှော်စိုက်ခင်းတွေရှိရာ ကမ်းခြေဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ဆောင်ရွက် ဖို့ပဲဖြစ်ပါတယ်။

ပင်လယ်ထဲက ရေမှော်တွေယူဆောင်လာခြင်းကနေ အများပြည်သူလက်ထဲကိုအဆင်သင့်အသုံးပြုနိုင်တဲ့ ထုတ်ကုန်အဆင့်အထိ အားလုံးကို ပြည်တွင်းမှာပဲဆောင်ရွက်တာဖြစ်လို့ ကုန်ကြမ်းကနေမှန်တင်ခုံအထိ ၁၀၀ ရာခိုင်နှုန်းပြည်တွင်းဖြစ်လို့ဆိုနိုင်ပါတယ်။ ပင်လယ်ရေမှော်ပင်မနဲ့ပါဝင်ထည့်သွင်းထားတဲ့အရာ လေးတွေအားလုံးဟာလည်း Vegan တွေသာဖြစ်ပါတယ်။ ဒါကြောင့် Sjoliv ထုတ်ကုန်တွေဟာ ပင်လယ် ရေမှော်မှာပါတဲ့ Marine Collagen ကို အပြည့်အဝရရှိနိုင်မယ့် သဘာဝထုတ်ကုန်ဖြစ်ပြီး အသားအရေ ကောင်းခြင်းတွေ ပိုင်ဆိုင်လိုသူတွေအတွက်ရည်ရွယ်ပါတယ်။

လက်ရှိမှာ Sjoliv ရောင်းချလို့ရရှိတဲ့ အမြတ်ငွေတွေနဲ့ ဒီရေတောမပျက်ကဏန်းမွေးမြူရေးသင်တန်း၊ ကမ်းခြေထွက်ကုန်တွေကို တန်ဖိုးမြှင့်ထုတ်ကုန်တွေပြုလုပ်နည်းသင်တန်း အစရှိတဲ့သင်တန်းများစွာကို ဒေသခံတွေအတွက် ပံ့ပိုးပေးပြီး အခြားသက်မွေးမှုလုပ်ငန်းတွေ၊ ထောက်ပံ့မျှဝေခြင်းအစီအစဉ်လေးတွေ ကိုလည်းဆောင်ရွက်နေပါတယ်။
ဒါကြောင့် Sjoliv ထုတ်ကုန်တွေဟာ လူလည်းလှ ပရဟိတလည်းဖြစ်တဲ့ ပြည်တွင်းဖြစ်ထုတ်ကုန်အစစ် အမှန်ပါလို့ဆိုပါရစေ။