အဖြစ်က ဒီလိုဗျာ

ကျွန်တော်တို့ရုံးမှာ တစ်နေ့ထက်တစ်နေ့ အလှပိုတိုးလာပြီး အမြဲ Active ဖြစ်နေတဲ့ မမ တစ်ယောက် ရှိတယ်။

မျက်နှာလေး Glow နေတဲ့အပြင် အသားအရေ ဝင်းမွတ်ချောမွေ့နေလို့  သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိတယ်လို့လည်း မကြာခဏပြောတတ်တယ်။ (ကြွယ်တာပေါ့)

သူ့ဆီက ရနေကျ  သဘာဝရနံ့သင်းသင်းလေးကလည်း ဘေးလူတွေအထိပါ Fresh ဖြစ်စေတော့ ကျွန်တော့်မှာ မနေနိုင်ဘဲထုတ်မေးမိတဲ့အထိပါပဲ။

သူက ပြောတယ်….” အလှတရားတွေထဲမှာ သဘာဝအလှက ဂန္ဓဝင်အမြောက်ဆုံးပါတဲ့။ သဘာဝကျကျ Glow ပြီး လှနေနိုင်တာ သဘာဝပင်လယ်ရေမှော်ကထုတ်ထားတဲ့ Sjoliv Product ကြောင့်ပါတဲ့လေ”

Sjoliv က ထုတ်ထားတဲ့ Face Mask ကြောင့် သူ့ မျက်နှာအသားအရည်လေး နူးညံ့အိစက်နေပြီး Facial Soap ကလည်း နှစ်မျိုးထွက်ရှိထားတာမို့ အဆီပြန်ပြီး ဝက်ခြံဖြစ်လွယ်တဲ့သူ့အတွက် သုံးရတာ အဆင် ပြေဆုံးပါတဲ့။

Sjoliv Product တွေထဲမှာ Collagen Serum က သူအကြိုက်ဆုံးတစ်ခုဖြစ်ပြီး Smile Line နဲ့ အရေးကြောင်းဖြစ်ပေါ်ခြင်းကို သက်သာစေတဲ့အပြင် အစိုဓာတ်ကို ကြာရှည်စွာထိန်းသိမ်းပေးလို့ နေ့စဥ်သုံးစွဲနေတဲ့သူ့ မျက်နှာလေးက ကြည်ရွှန်းစို​ပြေနေတာဖြစ်ပါတယ်တဲ့။

Body Lotion လေးက အသားအရေကိုအေးမြစိုပြေစေပြီး အနံ့သင်းသင်းလေးက Fresh ဖြစ်နေစေလို့ ဒီလို ပူပြင်းတဲ့မိုးတွင်းရာသီမှာတောင် သူက Active ဖြစ်နေနိုင်တာတဲ့လေ။

ပရဟိတအလုပ်တွေခုံမင်တဲ့ မမက Sjoliv အလှကုန်တွေသုံးရင်းလည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပါဝင်ဖြစ်နေလို့ အမြဲစိတ်ချမ်းသာနေရပါတယ်တဲ့။

ဒါကြောင့် အမြဲ Active ဖြစ်ပြီး လှပကျော့ရှင်းနေတဲ့မမအတွက် Sjoliv က အကောင်းဆုံး သောအဖော်မွန်ပါတဲ့လေ…။

Made in Myanmar Product လေးဖြစ်လို့ မမ ကတော့ ဂုဏ်ယူစွာသုံးစွဲနေကြောင်းလည်း ထပ်လောင်းပြောပြပါသေးတယ်။

မွှေးအီအီအနံ့မျိုးမဟုတ်တဲ့အတွက် အမျိုးသားတွေပါ သုံးစွဲနိုင်ကြောင်း မမ ပြောလို့ ကျွန်တော်လည်း ဒီနေ့ပဲ သုံးလိုက်ပြီဗျာ။