မိုးဖွဲ ညနေခင်းတစ်ခု

ကော်ဖီပူပူတစ်ခွက်ကို ကိုင်ရင်း…တစ်စုံတစ်ယောက်ကို ကျွန်တော် သတိရ လွမ်းနေမိတယ်။

မျက်နှာမူထားရာ မှန်တံခါးချပ်ဆီ လွင့်စင်လာတဲ့ မိုးပေါက်လေးတွေကြား ဝင်းမွတ်ကြည်လင်နေတဲ့ သူ့ မျက်နှာလေးကို ကွဲကွဲပြားပြား မြင်တွေ့နေရတယ်။

တမ်းချင်း လွမ်းချင်းတွေကို ဝါသနာအရ သီကုံးချင်ပေမယ့် သူနဲ့ပတ်သက်ပြီး နာမည်လေးတောင်မသိတဲ့ ကျွန်တော့အဖြစ်က ရယ်စရာတော့ ကောင်းသား။

သူ့ကို စတွေ့ဖြစ်ပုံက ဒီလိုဗျ…..ကမ်းခြေပါတီလေးတစ်ခုပေါ့…….ကျွန်တော်တို့လို စာပေဝါဿနာအိုးတွေ စုပေါင်းပြီးလုပ်ကြတဲ့ ” ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး” Camp လေးတစ်ခု အောင်မြင်လို့ စုပေါင်း ပါတီပေးနေကြတုန်းကပေါ့။

ပွဲစဥ်တစ်လျှောက် သူက ပင်လယ်ပြာရောင်ဂါဝန်လေးနဲ့ သိပ်လှနေခဲ့တယ်။ ကြည်တောက်နေတဲ့ အသား အရေ ပိုင်ရှင်လေးမို့ အားလုံးထဲမှာ ထင်းလင်းနေခဲ့တယ်။

လူတစ်ယောက်ကို အသေးစိတ်မကြည့်တတ်တဲ့ ကျွန်တော်က သူ့မျက်နှာကို  တော့ အသေးစိတ်ပိုင်း ခြားနေမိတယ်။

ဝင်းမွတ်တဲ့အသားအရေ

အဆီပြန်ခြင်းကင်းတဲ့ မျက်နှာ

ဝက်ခြံလည်း တစ်ခုမှ ရှိမနေဘူး

အမာရွတ် အမဲစက် ၊ အသားအရေ မညီမညာဖြစ်တာ ဘာတစ်ခုမှ ရှိမနေခဲ့ဘူး

ကောင်မလေးရဲ့အလှက နတ်ဘုရားတွေပေးတဲ့ ဆုလာဘ်တစ်ခုလိုမျိုး၊ မွဲခြောက်ခြောက် ဖြူချော်ချော် ဖြစ်မနေတဲ့ အသားအရေက ဝင်းမွတ်ပြီး တကယ်ကိုကြည်တောက်နေခဲ့တယ်။

ယောင်လည်လည်နဲ့ သူတို့ စကားဝိုင်းဘေးနာ ကပ်သွားမိကာ…ချီးမွမ်းစကားဆိုမိတော့

ကောင်မလေးက ပြုံးပြတယ်….ပြီးတော့

” ကျွန်မက ပင်လယ်ရေမှော်က ထုတ်ထားတဲ့ Sjoliv (ရှိုးလစ်ဗ်) ကို နေ့စဥ်ပုံမှန် သုံးတာမို့ပါ”တဲ့။

အဲ့နေ့ အဲ့အချိန်ကစပြီး သူ့ရဲ့ အပြုံးလှလှလေးရယ်

အသံချိုချိုလေးရယ်

ဝင်းမွတ်ကြည်လင်နေတဲ့ သူမမျက်နှာလေးရယ်

ပြီးတော့ သူမရဲ့ အသည်းစွဲ Sjoliv (ရှိုးလစ်ဗ်)ရယ်

အားလုံးဟာ…ခုလိုမိုးဖွဲညနေခင်းမျိုးဆို လွမ်းဆွေးချင်စရာတစ်ခုအဖြစ် ကျွန်တော့်ဘဝမှာ ပါဝင်နေ ခဲ့ပါတော့တယ်။