သဘာဝအတိုင်း လှ ချင်ပါသလား

ပင်လယ်ရေမှော်မှာ ဗီတာမင် A, C, E, K၊ အိုင်အိုဒင်း၊ သံဓာတ်၊ အမိုင်နိုအက်ဆစ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါတွေဟာ အသားအရေကိုစိုပြေစေပြီး ဝက်ခြံနဲ့ အရေးအကြောင်းတွေကိုသက်သာစေပါတယ်။ အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းကို ကာကွယ်ဖို့ဆိုရင်တော့ အကောင်းဆုံးပါပဲ။

သဘာဝအတိုင်းလှချင်သူတွေအတွက် ပင်လယ်ရေမှော်အလှကုန်တွေကို သုံးသင့်တဲ့အခြားအချက်တွေလည်းရှိပါသေးတယ်။

အစိုဓာတ်ထိန်းစွမ်းရည်မြင့်မားခြင်း

ပင်လယ်ရေမှော်မှထုတ်လုပ်ပေးတဲ့ Alginates နဲ့ Hyaluronic Acid တွေဟာ အရေပြားအတွင်းထဲကနေ ရေဓာတ်ကို နက်ရှိုင်းစွာစုပ်ယူပေးကာ အသားအရေကို ကြည်လင်တင်းရင်းစေပါတယ်။ ဒါကြောင့် ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက် အထူးသင့်တော်ပါတယ်။

ဓာတ်မတည့်မှုနည်းပြီး ဘေးကင်းခြင်း

ဓာတုပစ္စည်းတွေအစား သဘာဝပင်လယ်ရေမှော်ကို အခြေခံထားတဲ့ အလှကုန်တွေဟာ အသားအရေကို လှပစေရုံသာမက အရေပြားယားယံခြင်း၊ နီမြန်းခြင်း စတဲ့ ပြဿတွေကိုလျော့နည်းစေပါတယ်။

ဆဲလ်သေများကိုဖယ်ရှားပေးခြင်း

ပင်လယ်ရေမှော်မှာ ပါဝင်တဲ့ သတ္တုဓာတ်တွေနဲ့ အင်ဇိုင်းတွေဟာ အရေပြားပေါ်ရှိ ဆဲလ်သေတွေကို သဘာဝအတိုင်းချေးချွတ်ပေးပြီး အသားအရေကို ကြည်လင်ဝင်းပစေပါတယ်။

ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိခြင်း

ပင်လယ်ရေမှော်မှထုတ်လုပ်တဲ့ အလှကုန်တွေဟာ ဇီဝဖြိုပြိုပျက်စီးနိုင်သော (Biodegradable) ပစ္စည်းတွေဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပါးစေပါတယ်။

ဒါကြောင့် သဘာဝရဲ့ အာဟာရဓါတ်တွေကို အပြည့်အဝရရှိစေတဲ့ ပင်လယ်ရေမှော် အလှကုန်တွေဟာ အသားအရေကျန်းမာရေးအတွက်သာမက ကမ္ဘာမြေကိုပါ ဂရုစိုက်ရာရောက်ပါတယ်။