အလှဆုံးဖြစ်ဖို့ ဘာတွေသုံးသင့်လဲ

နေ့စဉ်ဘဝမှာ အလှဆုံးဖြစ်ဖို့ Skin Care Routine အချက် (၃) ချက်ပဲလိုပါတယ်။ သင့်ရဲ့အသားအရေလှပ တောက်ပစေဖို့ ဘာမှမလုပ်ရသေးခင် ဒီအချက် (၃) ချက်ကိုတွေးဆဖို့လိုပါတယ်။

  • မျက်နှာသစ်တဲ့အလေ့အထ
  • အသားအရေညီညာမှုရှိမရှိ
  • ရေဓါတ်လိုအပ်နေတဲ့အသားရေဟုတ်/မဟုတ်

အလှအပရေးရာဟာ သင့်ကိုလူတွေအာရုံစိုက်စေမယ့်အဓိကအချက်တစ်ခုဖြစ်ပါတယ်။ အဲဒီတော့ အလှဆုံးဖြစ် ဖို့အတွက်လုပ်သင့်တဲ့အချက်ကလေးတွေရှိပါတယ်။

(၁) အချိန်ပေးပါ

အချိန်တစ်ခုပေးပြီးအလှပြင်ဖြစ်ရဲ့လား။ အလှပြင်ပစ္စည်းတစ်မျိုးကို သူ့ရဲ့အာနိသင်ပြတဲ့အထိ ရေရှည်သုံးစွဲဖူးသ လား။ အလှအပရေးရာမှာ အဲဒီ (၂) ချက်က အဓိကကျပါတယ်။ ဒါမှ ရလဒ်ကောင်းထွက်မှာမို့ အလှပြင်ဖို့အတွက် သော်လည်းကောင်း၊ အလှပြင်ပစ္စည်းအသုံးပြုရာမှာသော်လည်းကောင်းအချိန်ပေးဖို့လိုအပ်ပါတယ်။

(၂) မျက်နှာသစ်တဲ့အခါ သိကောင်းစရာ

မျက်နှာသစ်ဆပ်ပြာကိုဒီတိုင်းပွတ်ချပြီး ရေဆးပစ်တတ်တဲ့အကျင့်ကိုဖျောက်ပစ်လိုက်စေချင်ပါတယ်။ မျက်နှာကို သေသေချာချာသန့်စင်ဖို့ဟာ မဖြစ်မနေလုပ်ရမယ့်နည်းလမ်းပါ။ ပတ်ဝန်းကျင်ကမမြင်နိုင်တဲ့ဖုန်မှုန်တွေ၊ အညစ် အကြေးတွေဟာ သင့်မျက်နှာမှာ နေ့တိုင်းလိုလိုရှိနေတတ်တာမို့ အဲဒါတွေကို တိုနာလေးနဲ့ဖြစ်ဖြစ် နူးညံ့ညင်သာ စွာဖယ်ရှားတတ်ဖို့လိုပါတယ်။ ကိုယ်နဲ့ကိုက်ညီဆုံးဖြစ်မယ့်မျက်နှာသစ်ဆေးကိုလည်းရွေးချယ်တတ်ဖို့လိုပါတယ်။

(၃) Serum အသုံးပြုခြင်း

Serum သုံးတဲ့ကိစ္စဟာ ရိုးရှင်းပါတယ်။ ဒါပေမဲ့ ထိရောက်မှုအားက အံ့မခန်းပါပဲ။ ကိုယ့်မျက်နှာပေါ်မှာ ဘာပြဿနာမှ မရှိဘူးဆိုရင်တောင် Serum ကို ပုံမှန်သုံးသင့်ပါတယ်။ မျက်နှာလေးအမည်းစက်ရှိမနေဖို့၊ အရေးအကြောင်းတွေကင်းဖို့၊ တောက်ပကြည်လင်နေဖို့ လိုအပ်တယ်မဟုတ်လား။

(၄) စိုပြေ အိုကေစေဖို့

မျက်နှာပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်မှာပဲဖြစ်ဖြစ် အသားအရေမွဲခြောက်ခြောက်ဖြစ်မနေဖို့ကိုတော့ အမြဲအလေးထား သင့်ပါတယ်။ ရေဓါတ်ဆုံးရှုံးလာရင် အသားအရည်အတွက်တင်မဟုတ်ဘဲ ပင်မ ခန္ဓာကိုယ်အတွက်လည်းမ ကောင်းပါဘူး။ ဒါကြောင့် ဘော်ဒီလိုးရှင်းလိုမျိုးအလှကုန်ပစ္စည်းကို အမြဲတစေသုံးသင့်ပါတယ်။

(၅) နေရောင်ခြည်ကာကွယ်ပါ

ဒါကတော့ အခြေခံအကျဆုံးအချက်တစ်ခုဖြစ်ပါတယ်။ ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ်၊ အသားအရေအတွက် ပဲဖြစ်ဖြစ် နေပူထဲထွက်ရင် အမိုးအကာတစ်ခုခုအသုံးပြုသွားဖို့လိုအပ်ပါတယ်။ ဒါမှ အလှဆုံးဖြစ်ဖို့ အထောက်အပံ့ တစ်ရပ်ဖြစ်မှာပေါ့။

အပေါ်မှာဖော်ပြထားတဲ့အချက်တွေအရ Serum ကောင်းကောင်း, Body Lotion ကောင်းကောင်း, မျက်နှာဆပ်ပြာ၊ Facial Mask ကောင်းကောင်းသုံးဖို့ကတော့ Sjoliv ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ Sjoliv က သဘာဝပင်လယ် ရေမှော်နဲ့ ပြုလုပ်ထားတဲ့ Marine Collagen အပြည့်ပါတဲ့ အလှကုန်မို့လိုပါ။