Sjoliv အမှတ်တံဆိပ်ထုတ်ကုန်တွေထဲမှာ အလှတရားတွေ၊ ကောင်းခြင်းတွေ အပြည့်အဝပါဝင်ပြီး အဲဒီအလှတရားက ဒီလိုအကျိုးရလာဒ်တွေကိုပေးပါတယ်။
Sjoliv မျက်နှာသစ်ဆပ်ပြာ
Seaweed မျက်နှာသစ်ဆပ်ပြာလေးက အဆီပြန်ခြင်းနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့အသားအရေ ပျက်စီးတာတွေကို ပျောက်ကင်းစေပြီး မျက်နှာမှာရှိတဲ့ အညစ်အကြေးနဲ့ အဆီပိုတွေကို နက်ရှိုင်းစွာသန့်စင်ပေးပါတယ်။ချွေးပေါက်ထဲက အညစ်အကြေးတွေကို ညင်သာစွာဖယ်ရှားပေးပြီး ရနံ့သင်းသင်းလေးနဲ့ စိတ်ကိုပါရှင်းသွားစေမှာပါ။
Face Mask
Seaweed Collagen Mask လေးက ဝက်ခြံဖြစ်စေတဲ့ bacteria တွေကို တိုက်ထုတ်ပေးပြီး အဆီပြန်မှုကိုပါ တားဆီးပေးပါတယ်။ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်၊ အမဲစက်တွေပါ တဖြည်းဖြည်းလျော့ပါးလာစေကာ အသားအရေမညီခြင်းတွေကိုလည်း ပြန်လည်ထိန်းညှိပေးပါတယ်။
Body Lotion
Sjoliv Collagen Lotion လေးက watery texture မို့ စိမ့်ဝင်မှုအားကောင်းပြီး အသားပေါ်မှာ စေးကပ်ခြင်းမရှိဘဲ နူးညံ့ချောမွေ့စေပါတယ်။ ရနံ့မွှေးမွှေးသင်းသင်းလေးနဲ့ အစိုဓါတ်အပြည့်အဝပေးတဲ့ Vegan Collagen မို့ အသားအရေကို တင်းတင်းရင်းရင်းနဲ့ ကြည်လင်ရွှန်းစိုစေပါတယ်။
Face Serum
Collagen Hydrating Serum ဖြစ်တာမို့ smile line နဲ့ အရေးအကြောင်းတွေကို သက်သာစေပြီး အသားအရေကို ပြန်လည်တင်းရင်းစေရုံသာမက မျက်နှာအသားအရေကို အစိုဓါတ်ထိန်းပေးလို့ glow skin ကိုရရှိစေပါတယ်။ Hyaluronic Acid ကြွယ်ဝတဲ့ Seaweed extract ကနေ ထုတ်လုပ်ထားတာကြောင့် deep hydration လုပ်ပေးပြီး moisture absorption ပိုမိုကောင်းမွန်စေပါတယ်။အမဲစက်နဲ့ တင်းတိတ်၊ နေလောင်ဒဏ်တွေကြောင့် အသားအရေမညီတာကိုလည်း သက်သာပျောက်ကင်းစေပါတယ်။