ပင်လယ်ရေမှော်ဟာ အသားအရေအတွက်ကောင်းကျိုးတွေအများကြီးယူဆောင်လာပေးတယ်ဆိုတာ ကို သင်သိပါသလား။
ပင်လယ်သမုဒ္ဒရာထဲမှာ ပင်လယ်ရေမှော်အမျိုးအစားပေါင်း သုံးသောင်းကျော်ရှိတယ်လို့ byrdie ဝက်ဘ် ဆိုက်ကဖော်ပြထားပြီး အဲဒီပင်လယ်ရေမှော်မျိုးစိတ်တွေဟာ ဗီတာမင်၊ အမိုင်နိုအက်စစ်၊ ပရိုတင်း အစရှိ တဲ့ လူ့ခန္ဓာကိုယ်၊ အသားအရေအတွက် အကျိုးရှိတဲ့ရလာဒ်တွေကို ပေးစွမ်းနေတယ်လို့ဆိုပါတယ်။
အဓိကအကျိုးရလာဒ်
Seaweed extract ထုတ်ကုန်တွေကို ဘယ်အချိန်မဆိုသုံးသင့်တဲ့အကြောင်းပြချက်တွေက အောက်ပါအ တိုင်းဖြစ်ပါတယ်။
အဆီမပြန်ဘူး- ပင်လယ်ရေမှော်မျိုးစိတ်အများစုဟာ အဆီပြန်စေတဲ့ဘတ်တီးရီးယားတွေကိုဖယ်ရှာ ပေးတတ်တယ်လို့ ဆိုပါတယ်။
အရေးအကြောင်းကင်းတယ် – ပင်လယ်ရေမှော်ဟာ ကော်လာဂျင်ထုတ်လုပ်ပေးနိုင်တာကြောင့် အသား အရေချောမွတ်ညီညာပြီး အရေးအကြောင်းကင်းစင်၊ နုပျိုစေမှာဖြစ်တယ်လို့ သုတေတနပြုသူတွေကပြော ကြားထားပါတယ်။
ဓါတ်မတည့်တာတွေမရှိဘူး – သဘာဝထုတ်ကုန်ဖြစ်တာကြောင့် သဘာဝနဲ့အနီးစပ်ဆုံးသောအာနိသင်ကို ပေးပါတယ်။ ဒါကြောင့် ပင်လယ်ရေမှော်ထုတ်ကုန်တွေဟာ ဓါတ်မတည့်တာမျိုးနည်းပါးပါတယ်။
တောက်ပခြင်း – အနက်ရောင်အစက်အပြောက်တွေကိုဖယ်ရှားပေးပြီး တောက်ပတဲ့အသားအရည်ကို ပိုင် ဆိုင်နိုင်မှာဖြစ်ပါတယ်။
စိုပြေခြင်း – ပင်လယ်ရေမှော်မှာပါဝင်တဲ့အာနိသင်တွေဟာ အသားအရည်စိုပြေဖို့ကိုလည်းအထောက်အပံ့ ဖြစ်စေတယ်လို့ဆိုပါတယ်။
အချုပ်ဆိုရရင် ပင်လယ်ရေမှော်နဲ့ထုတ်လုပ်ထားတဲ့ Sjoliv ကို သုံးသူတွေအနေနဲ့ အသားအရေပရိုတင်းဓါတ်ကိုအပြည့်အဝ ဖြည့်ဆည်းပေးပြီး အရေး အကြောင်းကင်းစင်နုပျိုစေမှာဖြစ်ပါ တယ်။