မရေမတွက်နိုင်တဲ့အပင်လေးတွေကနေ အဆုံးမရှိတဲ့ အလှတရားဆီသို့

ပင်လယ်ရေမှော်ဟာ များသောအားဖြင့် ကျောက်ဆောင်တွေနဲ့ သမုဒ္ဒရာရှိ အခြားအပင်တွေ၊ မြစ်တွေ၊ ရေ ကန်တွေနဲ့ အခြားရေထုတွေပေါ်မှာ ကြီးထွားနိုင်ပါတယ်။

မရေမတွက်နိုင်တဲ့အပင်အမျိုးအစားဖြစ်ပြီး အချို့မျိုးစိတ်တွေကိုတော့ ငါးကန်နဲ့ ပုစွန်ကန်တွေမှာ ရေနှောစိုက်ပျိုးနိုင်ပါတယ်။ ပင်လယ်ရေမှော်မျိုးစိတ် အပေါ်မူတည်ပြီး အငန်နှုန်းနဲ့ အပူအချိန်အပြောင်း အလဲပေါ်မှာ ရှင်သန်နိုင်ပါတယ်။

ပင်လယ်ရေမှော်ဟာ ယေဘုယျအားဖြင့် စားသုံးနိုင်တဲ့အပင်အမျိုးအစားဖြစ်ပါတယ်။ သူဟာ အလွန်အ ဟာရပြည့်ဝတာကြောင့် စွယ်စုံအသုံးပြုနိုင်ပြီး ဆူရှီ၊ ဟင်းချို၊ အသုပ် အစရှိတဲ့ ဟင်းအမယ်တွေအဖြစ်စား သုံးတတ်ကြပါတယ်။

Carrageenan, agar နဲ့ alginates တွေဟာ ပင်လယ်ရေမှော်ကနေ ရရှိလာတဲ့ ဂျယ်လ်တွေဖြစ်ပါတယ်။ အဲဒီထုတ်ကုန်တွေဟာ လူတွေရဲ့နေ့စဉ်အသုံးပြုနေကြတဲ့ ပစ္စည်းတွေထဲမှာ ပါဝင်ပါတယ်။

ပင်လယ်ရေမှော်ပင်တွေမှာ စတာ့အပါအဝင် ကာဗွန်ဟိုက်ဒရိတ်ဓါတ်တွေ၊ ပရိုတင်းဒြပ်ပေါင်းတွေ၊ ဓါတ် သတ္တုတွေ၊ ဗီတာမင်နဲ့ အိုင်အိုဒင်းတွေ ပါရှိပါတယ်။

ပင်လယ်ရေမှော်မှာပါတဲ့ ကျောက်ကျော၊ အယ်လဂျီနိတ်၊ ကယ်ရာဂျီနင် တွေဟာစက်မှုလက်မှုလုပ်ငန်း အမျိုးမျိုးတို့မှာ အလွန်အသုံးဝင်အဖိုးတန်တဲ့ ဒြပ်ပေါင်းတွေဖြစ်ပါတယ်။ အပင်ကြီးထွားဖို့အတွက် ဘယ် ဆေးဝါးကိုမှ အသုံးမပြုရတာဟာ ပင်လယ်ရေမှော်ရဲ့ထူးခြားချက်တစ်ခုပါပဲ။ သိပ္ပံနည်းကျစနစ်တကျစိုက် စရာမလိုဘဲ ကျယ်ကျယ်ပြန့်ပြန့်မွေးမြူစိုက်ပျိုးနိုင်မှုကြောင့် ပင်လယ်ရေမှော်ဟာ သဘာဝကပေးတဲ့ အာ ဟာရဖြစ်ပါတယ်။

မရေမတွက်နိုင်တဲ့ပင်လယ်ရေမှော်ပင်လေးတွေကနေ အဆုံးမရှိတဲ့အလှတရားကိုဖန်တီးပေးနိုင်ဖို့ Sjoliv ထုတ်ကုန်လေးတွေ အားလုံးရဲ့ရှေ့တော်မှောက်အရောက်လာခဲ့ပါပြီ။ ပင်လယ်ရေမှော်ရဲ့ကောင်းခြင်းနဲ့ ထုတ်လုပ်ထားတာမို့ သဘာဝအတိုင်း အလှတရားတွေကိုပိုင်ဆိုင်နိုင်ပါပြီ။