ကော်လဂျင်ဆိုတာ ခန္ဓာကိုယ်မှာ အပေါများဆုံးသောပရိုတင်းဖြစ်ပါတယ်။ အရိုး၊ ကြွက်သား၊ အရွတ်၊ သွေးကြော၊ တစ်သျှုး နဲ့ အရေးပြားတွေမှာ ကော်လဂျင်တွေကို တွေ့ရတတ်ပါတယ်။
အသက် ၂၀ ဝန်းကျင်ကနေစလို့ ခန္ဓာကိုယ်မှာ ကော်လဂျင်တွေ လျော့နည်းလာတတ်ပါတယ်။
ခန္ဓာကိုယ်က ကော်လဂျင်များများမထုတ်ပေးနိုင်တဲ့အခါ အရေးအကြောင်းတွေများလာမယ်၊ ကြွက်သား တွေအားနည်းလာမယ်၊ အရွတ်တွေ တင်းကြပ်လာမယ်၊ အဆစ်အမြစ်ပြသနာတွေဖြစ်လာပါလိမ့်မယ်။
Marine Collagen ဆိုတာ ရေထွက်သတ္တဝါ၊ အဓိကအားဖြင့် ငါးအရေပြားတွေကနေရရှိတတ်ပါတယ်။ Marine Collagen ကို ဖြည့်စွက်စာအနေနဲ့ သောက်သုံးကြပြီး အလှကုန်ပစ္စည်းတွေမှာလည်းအသုံးပြုကြ ပါတယ်။
ခန္ဓကိုယ်ကြံ့ခိုင်ဖို့အတွက်လိုအပ်တဲ့ ကော်လဂျင်တွေကိုဖြည့်စွက်စာအဖြစ် အမှုန့်၊ ဆေးပြား၊ အရည် စသည်ဖြင့် ထုတ်လုပ်မှုပုံစံအမျိုးမျိုးနဲ့အသုံးပြုကြပါတယ်။ အသားအရေအတွက်ကျတော့လည်း အလှ ကုန်ပစ္စည်းအမျိုးမျိုးမှာ ပုံစံမျိုးစုံနဲ့ထုတ်လုပ်သုံးစွဲကြပါတယ်။
Marine Collagen ပါတဲ့အလှကုန်တွေဟာ အရည်အသွေးမြင့်မားပြီး ထိရောက်မှုအားလည်း ကောင်းမွန် လှပါတယ်။
ဒါကြောင့် Marine Collagen ပါဝင်တဲ့ အလှကုန်တွေကို အသုံးပြုခြင်းအားဖြင့် အရေးအကြောင်းကင်း ခြင်း၊ အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေခြင်း၊ အသားအရေကောင်းမွန်ခြင်း စတဲ့ အကျိုးကျေးဇူးတွေရရှိမှာ ဖြစ်ပါတယ်။
ပင်လယ်ရေနေသတ္တဝါလေးတွေကနေ ထုတ်လုပ်ထားတာ ကြောင့် တစ်ချို့က Marine Collagen ကို အသုံးပြုဖို့ ချိတုံချတုံဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်အသားအရေအလှအပအတွက် မဖြစ်မနေ Marine Collagen ကို သုံးရမယ်ဆိုသူတွေအတွက်ကတော့ ပင်လယ်ရေမှော်ကနေ ထုတ်တဲ့ အလှကုန် ပစ္စည်းတွေ ကို အသုံးပြုနိုင်ပါတယ်။
ပင်လယ်ရေမှော်ဟာ Marine Collagen အပြည့်အဝပါရှိပြီး ပင်လယ်ရေနေသတ္တဝါလေးတွေက နေရရှိတာ မဟုတ်လို့ အသားအရေလှပဖို့အတွက် စိတ်ရှင်းရှင်းနဲ့ သုံးနိုင်တဲ့ပစ္စည်းပါ။
Sjoliv ထုတ်ကုန်တွေအားလုံး (Body Lotion, Serum, Face Mask, Soap) ဟာ ပင်လယ်ရေမှော်ကို အဓိကအသုံးပြုပြီးထုတ်လုပ်ထားတာမို့လို့ Marine Collagen အပြည့်အဝပါရှိတဲ့ အလှကုန်တွေဖြစ်တဲ့ အကြောင်း သတင်းကောင်းလေးပါးလိုက်ပါရစေ။