ပင်လယ်ရေမှော်ဆိုတာ ပင်လယ်ရေမှာပေါက်ရောက်တတ်တဲ့အပင်မျိုးစိတ်တွေထဲက ရေညှိပင်မျိုးစိတ် တစ်မျိုးပဲဖြစ်ပါတယ်။
ပင်လယ်ရေမှော်ဟာ များသောအားဖြင့် ကျောက်ဆောင်တွေနဲ့ သမုဒ္ဒရာရှိ အခြားအပင်တွေ၊ မြစ်တွေ၊ ရေ ကန်တွေနဲ့ အခြားရေထုတွေပေါ်မှာ ကြီးထွားနိုင်ပါတယ်။ မရေမတွက်နိုင်တဲ့အပင်အမျိုးအစားဖြစ်ပြီး အ ချို့မျိုးစိတ်တွေကိုတော့ ငါးကန်နဲ့ ပုစွန်ကန်တွေမှာ ရေနှောစိုက်ပျိုးနိုင်ပါတယ်။ ပင်လယ်ရေမှော်မျိုးစိတ် အပေါ်မူတည်ပြီး အငန်နှုန်းနဲ့ အပူအချိန်အပြောင်းအလဲပေါ်မှာ ရှင်သန်နိုင်ပါတယ်။
ပင်လယ်ရေမှော်ဟာ ယေဘုယျအားဖြင့် စားသုံးနိုင်တဲ့အပင်အမျိုးအစားဖြစ်ပါတယ်။ သူဟာ အလွန်အ ဟာရပြည့်ဝတာကြောင့် စွယ်စုံအသုံးပြုနိုင်ပြီး ဆူရှီ၊ ဟင်းချို၊ အသုပ် အစရှိတဲ့ ဟင်းအမယ်တွေအဖြစ်စား သုံးတတ်ကြပါတယ်။
Carrageenan, agar နဲ့ alginates တွေဟာ ပင်လယ်ရေမှော်ကနေ ရရှိလာတဲ့ ဂျယ်လ်တွေဖြစ်ပါတယ်။ အဲဒီထုတ်ကုန်တွေဟာ လူတွေရဲ့နေ့စဉ်အသုံးပြုနေကြတဲ့ ပစ္စည်းတွေထဲမှာ ပါဝင်ပါတယ်။
ပင်လယ်ရေမှော်ပင်တွေမှာ စတာ့အပါအဝင် ကာဗွန်ဟိုက်ဒရိတ်ဓါတ်တွေ၊ ပရိုတင်းဒြပ်ပေါင်းတွေ၊ ဓါတ် သတ္တုတွေ၊ ဗီတာမင်နဲ့ အိုင်အိုဒင်းတွေ ပါရှိပါတယ်။
ပင်လယ်ရေမှော်မှာပါတဲ့ ကျောက်ကျော၊ အယ်လဂျီနိတ်၊ ကယ်ရာဂျီနင် တွေဟာစက်မှုလက်မှုလုပ်ငန်း အမျိုးမျိုးတို့မှာ အလွန်အသုံးဝင်အဖိုးတန်တဲ့ ဒြပ်ပေါင်းတွေဖြစ်ပါတယ်။ အပင်ကြီးထွားဖို့အတွက် ဘယ် ဆေးဝါးကိုမှ အသုံးမပြုရတာဟာ ပင်လယ်ရေမှော်ရဲ့ထူးခြားချက်တစ်ခုပါပဲ။ သိပ္ပံနည်းကျစနစ်တကျစိုက် စရာမလိုဘဲ ကျယ်ကျယ်ပြန့်ပြန့်မွေးမြူစိုက်ပျိုးနိုင်မှုကြောင့် ပင်လယ်ရေမှော်ဟာ သဘာဝကပေးတဲ့ အာ ဟာရဖြစ်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီးမှာ အရိုင်းပေါက်နေကြတဲ့သစ်တောနဲ့ စိုက်ပျိုးပင် ဆိုပြီး အပင်နဲ့အပင်ထွက်ပစ္စည်းတို့ကို စနစ်တကျဖော်ထုတ်အသုံးချနေကြပါတယ်။
လူသားတွေအနေနဲ့ သဘာဝအတိုင်းလက်တွေ့အသုံးချရေးအတွက် မိမိတို့နဲ့ နီးစပ်ရာ ကုန်းပေါ်ရှိအရိုင်း ပေါက်ပင်နဲ့စိုက်ပျိုးပင်တို့ကို အဓိကအားထားအသုံးပြုနေကြပါတယ်။ ရေမှာပေါက်လေ့ရှိတဲ့ ရေမှော်ပင် တွေဟာ အမေ့လျော့ခံအပင်တွေဖြစ်ပါတယ်။ ဒါကြောင့် ပင်လယ်ရေမှော်ပင်တွေနဲ့ပတ်သက်လို့ ဖော် ထုတ်မှုအားနည်းပြီး လူသိနည်းခဲ့ရပါတယ်။
အခု ၂၀၂၂ ကိုရောက်နေပါပြီ။ ပင်လယ်ရေမှော်ဟာ အမေ့လျော့ခံမဟုတ်တော့ပါဘူး။ သဘာဝကပေးတဲ့ အာဟာရ (သို့မဟုတ်) ပင်လယ်ရေမှော်ကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ Sjoliv ကို သုံးပြီး အားလုံးလှ ကြမယ်နော်။