သဘာဝအတိုင်းပြုလုပ်ထားတဲ့အလှကုန်တွေကို သုံးသင့်ရတဲ့ အကြောင်းရင်းများစွာရှိပါတယ်။
၁။ အရေပြားအတွက် ညင်သာပြီး ဘေးကင်းခြင်း
ဓာတုပစ္စည်းနည်းပါးတာကြောင့် အရေပြားယားယံတာ၊ ဓာတ်မတည့်တာတွေ ဖြစ်နိုင်ခြေနည်းပါတယ်၊။ သဘာဝအဆီ၊ အဆီအနှစ်နဲ့ သစ်ဥသစ်ဖုတွေကနေ ထုတ်လုပ်ထားတာမို့ အရေပြားကို သဘာဝအတိုင်း ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။
၂။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်ခြင်း
ထုတ်ကုန်တွေကထွက်တဲ့ ဇီဝဓာတုပစ္စည်းတွေ မြေကြီးထဲ၊ ရေထဲ ရောက်ရှိမှုနည်းပါတယ်။ သဘာဝနဲ့နီးစပ်တဲ့ထုတ်ကုန်တွေဟာ ပြန်လည်ပျက်စီးလွယ်တဲ့ ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတာများပါတယ်။
၃။ ကျန်းမာရေးအတွက် ကောင်းမွန်ခြင်း
ခန္ဓာကိုယ်ထဲကို စုပ်ယူမှုရှိတဲ့ ပစ္စည်းတွေဖြစ်တာမို့ ဓာတုဆေးဝါးတွေ မပါဝင်တာက ပိုပြီး ကျန်းမာရေးနဲ့ ညီ ညွှတ်စေပါတယ်။
၄။ ထိရောက်မှုရှိခြင်း
သဘာဝပစ္စည်းတွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး အရေပြားကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။
ဒါပေမယ့် သဘာဝအလှကုန်တိုင်းက အကောင်းဆုံးမဟုတ်တာမို့ ကိုယ့်အသားအရေနဲ့ ကိုက်ညီမှုရှိမရှိ စမ်းသပ်သုံးစွဲကြည့်ဖို့တော့ အကြံပြုချင်ပါတယ်။
Sjoliv က ထုတ်တဲ့ထုတ်ကုန်တွေဟာ သဘာဝနဲ့အနီးစပ်ဆုံးဖြစ်ပြီး အသားအရေ Sensitive ဖြစ်တဲ့သူတွေ အတွက် သင့်တော်ပါတယ်။