အလှမပျက်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့

ကျန်းမာခြင်းသည် လာဘ်တစ်ပါးလို့ဆိုကြပါတယ်။ ဒီဖက်ခေတ်မှာတော့ ကျန်းမာခြင်းရဲ့နောက်ဆက်တွဲ အနေနဲ့ လှပနုပျိုခြင်းကလည်း လာဘ်တစ်ပါးဖြစ်လာပါတော့တယ်။

နေ့ရက်တိုင်းလှနေဖို့ဆိုတာ အလှအပအတွက် အချိန်သီးသန့်ပေးနိုင်ဖို့လည်းလိုအပ်တဲ့အပြင် အသုံးပြုတဲ့ အလှကုန်တွေနဲ့လည်းသက်ဆိုင်ပါတယ်။

ဘယ်လိုရလာဒ်မျိုးကိုလိုချင်တာလဲ

အလှကုန်ပစ္စည်းသုံးတော့မယ်ဆိုရင် ကိုယ်ဘယ်လိုရလာဒ်မျိုးကိုလိုချင်တာလဲဆိုတာကိုအရင်ဆုံးစဉ်းစား ရမှာဖြစ်ပါတယ်။ ဉပမာအားဖြင့် အရေးအကြောင်းကင်းချင်တာလား၊ အသားအရေဝင်းမွတ်ချင်တာလား၊ အသားအရေစိုပြည်ချင်တာလား၊ မှဲ့ခြောက်တွေပျောက်ချင်တာလား စသည်ဖြင့် သင့်တော်ရာကို ရွေးချယ်တတ်ဖို့လိုပါတယ်။

ဘယ်လိုပစ္စည်းမျိုးက ကိုယ့်အတွက်သင့်တော်သလဲ

တစ်ယောက်နဲ့တစ်ယောက်အကြိုက်ချင်းမတူပါဘူး။ တစ်ချို့က အသီးနဲ့ထုတ်လုပ်ထားတဲ့အလှကုန်တွေ ကိုသုံးကြတယ်။ တစ်ချို့က အမျှင်တွေ၊ အခွံတွေနဲ့ထုတ်လုပ်ထားတဲ့အလှကုန်တွေကိုသုံးကြတယ်။ တစ် ချို့ကတော့ ဈေးနှုန်းမြင့်တဲ့ပစ္စည်းတွေကိုပဲရွေးချယ်သုံးစွဲကြပါတယ်။ ကိုယ့်အသားအရေနဲ့သင့်တော်တဲ့ ပစ္စည်းကိုပဲရွေးချယ်သုံးစွဲတတ်ဖို့ကအဓိကပါပဲ။

သဘာဝနဲ့အနီးစပ်ဆုံးထုတ်ကုန်

အခုနောက်ပိုင်းမှာ သဘာဝနဲ့အနီးစပ်ဆုံးအလှကုန်တွေကို ဈေးကွက်ထဲမှာအများအပြားတွေ့ရမှာပါ။ အဲဒီ အထဲမှာ ပင်လယ်ရေမှော်ထုတ်ကုန်တွေကလည်း ထူးခြားတဲ့ပြယုဂ်တစ်ခုဖြစ်လာပါတယ်။ Sjoliv ထုတ်ကုန်တွေဟာ ပင်လယ်ရေမှော်နဲ့ထုတ်လုပ်ထားပြီး သဘာဝနဲ့အနီးစပ်ဆုံးသောထုတ်ကုန်တစ်ခု ဖြစ်ပါတယ်။ Marine Collagen ဆိုတာ ရေနေသတ္တဝါလေးတွေကနေထုတ်လုပ်ထားပြီး နုပျိုခြင်း၊ လင်းလက်တောက်ပခြင်း၊ အမည်းစက်တွေသက်သာလျော့ပါးခြင်းတွေအတွက် Marine Collagen ကို အဓိကသုံးစွဲကြပါတယ်။ Sjoliv ကတော့ Marine Collagen အပြည့်အဝပါဝင်တာမှန်ပေမယ့် ရေနေသတ္တဝါလေးတွေကနေရတာမဟုတ်ဘဲ ရေမှာပေါက်တဲ့ပင်လယ်ရေမှော်အမျှင်လေးတွေကနေ ရရှိထားတဲ့ သဘာဝနဲ့အနီးစပ်ဆုံးထုတ်ကုန်လေးပဲဖြစ်ပါတယ်။