ချစ်သူများစေတဲ့ ဆပ်ပြာ

မိုးလင်းတိုင်း ချစ်ခြင်းတွေနဲ့ ပြည့်နှက်စေမယ့် အရာဆိုရင် မျက်နှာသစ်ရာကနေစတင်ခြင်းပါပဲ။

အလုပ်မှာပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် မိတ်ဆွေတွေနဲ့တွေ့လို့ လှိုက်လှိုက်လှဲလှဲပြုံးပြကြ တဲ့အခါ ကြည်လင်တဲ့မျက်နှာလေးပါလားဆိုပြီး အားလုံးက အသိအမှတ်ပြုမိနေဖို့ လိုပါတယ်။

မြင်သူတိုင်းချစ်၊ အလှစစ်နဲ့

ကိုကိုပျိုပျို၊ အိုအိုပါမချန်

ချစ်ခြင်းရဲ့အသံ၊ စွဲထင်ကျန်ဖို့

မျက်နှာလှလှ၊ ပြည့်ဝဝနဲ့

တင်းရင်းစိုပြေ၊ ကျက်သရေကောင်းခြင်း

မိုးလင်းတိုင်းရှိစေဖို့

အလှစစ်ရဲ့ ရင်းမြစ်

Sjoliv လေးနဲ့ တစ်နေ့နှစ်ခါ မျက်နှာသစ်လိုက်ပါ။

Sjoliv ရဲ့ မျက်နှာသစ်ဆပ်ပြာဟာ အဆီပြန်ခြင်းနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့အသားအရေ ပျက်စီးတာတွေကို ပျောက်ကင်းစေပြီး မျက်နှာမှာရှိတဲ့ အညစ်အကြေးနဲ့ အဆီပိုတွေကို နက်ရှိုင်းစွာသန့်စင်ပေးပါတယ်။ ချွေးပေါက်ထဲက အညစ်အကြေးတွေကို ညင်သာစွာဖယ်ရှားပေးပြီး ရနံ့သင်းသင်းလေးနဲ့မို့ စိတ်ကိုပါ ရှင်းသွားစေမှာပါ။

နေ့စဉ်သုံးစွဲပေးခြင်းအားဖြင့် အသားအရေနူးညံ့ချောမွေ့ဝင်းမွတ်စေမှာဖြစ်ပါတယ်။ Original နဲ့ ပျားရည်ဆပ်ပြာဆိုပြီးနှစ်မျိုးရှိပါတယ်။ ပင်လယ်ရေမှော်ရဲ့သဘာဝအတိုင်းအာနိသင်ကိုခုံ မင်တယ်ဆိုရင်တော့ Original ကို သုံးသင့်ပြီး ပျားရည်ရဲ့ကောင်းခြင်းတွေနဲ့ ပင်လယ်ရေမှော်ရဲ့ကောင်း ခြင်းကို ပေါင်းစပ်ထားတဲ့အာနိသင်ကိုပဲကြိုက်တယ်ဆိုရင်တော့ ပျားရည်ဆပ်ပြာကိုသုံးသင့်ပါတယ်။