မိုးတွင်းမှာ ဘယ်လို အလှကုန်တွေကို သုံးသင့်သလဲ
မိုးရာသီဟာ စိုစိုစိစိနဲ့ အမှိုင်းလေးတစ်ဖြတ်ပါပဲ။ ခြောက်သွေ့ရာသီတုန်းကလို အသားပပ်မှာတို့၊ အရေပြားကွာကျမှာတို့ကို စိတ်ပူစရာမလိုပေမဲ့ မိုးတွင်းမှာ အလှကုန်သုံးတဲ့အခါ သိသင့်တဲ့အချက်လေးတွေ ရှိပါတယ်။
(၁) သန့်စင်ပါ
မျက်နှာကိုဘာမှမလိမ်းခင်သေသေချာချာသန့်စင်ဖို့ဆိုတာ မိုးတွင်းရယ် နွေရယ်တော့မဟုတ်ပါဘူး။ ဘယ်ရာသီမှာပဲဖြစ်ဖြစ် ဖုန်မှုန်နဲ့အညစ်အကြေးတွေက မျက်နှာပေါ် မှာ ရှိနေတတ်တာမို့ သန့်စင်တဲ့ အဆင့်အဖြစ် အလှဆင်းခြင်းအနုပညာကို မိတ်ကပ်ဖျက်ဆေး၊ တိုနာ တို့နဲ့ စတင်လိုက်ပါ။
(၂) အစိုထိန်းခြင်း
ရာသီဉတုပူပြင်းရင်မျက်နှာအဆီပြန်တယ်၊ အခုလိုရာသီဉတုဆိုရင်တော့ မျက်နှာကအစိုဓါတ်လိုနေ တာပေါ့။ ဒါကြောင့် အစိုဓါတ်ကိုထိန်းပေးမယ့် ကရမ်င် ကိုလိမ်းသင့်ပါတယ်။ မိုးရွာတဲ့နေ့တွေမှာ UV ပါတဲ့ ဘော်ဒီလိုးရှင်းတို့ UV ပါတဲ့ အလှကုန်တို့မသုံးရဘူးဆိုတာလွဲမှားတဲ့အယူအဆပါ။ ခရမ်းလွန် ရောင်ခြည်ဟာ တိမ်တွေ့ကိုစိမ့်ဝင်နိုင်တာကြောင့် UV ပါတဲ့အလှကုန်တွေကို သုံးသင့်ပါတယ်။
(၃) အရေပြားကိုဂရုစိုက်ပါ
အရေပြားကိုချောမွတ်စေမယ့်ဘော်ဒီလိုးရှင်း၊ မျက်နှာအသားအရေကိုညီညာစေမယ့် Serum တစ်မျိုး မျိုးကိုလိမ်းပြီး အရေပြားကိုဂရုစိုက်ရမှာဖြစ်ပါတယ်။
(၄) မှန်ကန်တဲ့ အောက်ခံရွေးချယ်ပါ
မိတ်ကပ်လိမ်းတဲ့အခါ အောက်ခံဖောင်ဒေးရှင်းကအရေးကြီးတာမို့ အခုလိုရာသီဉတုနဲ့လိုက်ဖက်တဲ့ အောက်ခံမိတ်ကပ်ကိုရွေးချယ်ဖို့ အသိပညာရှင်၊ အတတ်ပညာရှင်တွေကို မေးမြန်းတိုင်ပင်သင့်ပါ တယ်။ long-lasting foundation တွေဟာ မိုးရာသီနဲ့သင့်တော်တယ်လို့ ဆိုကြပါတယ်။
(၅) ရွှံ့တွေကို ရှောင်ရှားဖို့
ရေမြောင်းတွေ၊ လမ်းတွေကနေ ပေကျံလာတတ်တဲ့ ရွှံ့တွေကို ရင်ဆိုင်ကာကွယ်နိုင်တဲ့အလှကုန်ကို သုံးတတ်ဖို့လိုပါတယ်။ ဒါကြောင့် Eye Makeup အတွက် Waterproof Mascara နဲ့ Eyeliner ကို ရွေးချယ်ပြီးသုံးသင့်ပါတယ်။
(၆) နှုတ်ခမ်းခြောက်တဲ့ရာသီ
နှုတ်ခမ်းတွေခြောက်ကပ်ကပ်ဖြစ်တတ်တာ မိုးနဲ့ဆောင်း သိပ်မကွာပါဘူး။ မိုးရာသီကတော့ သိပ် မသိသာဘူးဆိုပေမဲ့ မကြာခဏခြောက်ကပ်လာတတ်တဲ့နှုတ်ခမ်းကို Long-Lasting Lipstick တွေနဲ့ကာကွယ်သင့်ပါတယ်။
(၇) မျက်နှာကို မကြာခဏမထိပါနဲ့
ဒါကတော့ ရာသီဉတုတိုင်းမှာ ပြုကျင့်သင့်တဲ့အပြုအမူကောင်းတစ်ရပ်ဖြစ်ပါတယ်။ မျက်နှာကို မကြာခဏမထိပါနဲ့။ အရာရာတိုင်းကို ကိုင်တွယ်ထိတွေ့တတ်တဲ့လက်ကြောင့် မျက်နှာအသား အရေထိခိုက်မှာစိုးလို့ပါ။
ဒီအချက်တွေကိုလိုက်နာနိုင်ဖို့ အထောက်အပံ့ပေးနိုင်တဲ့ ပစ္စည်းကောင်းလေးတွေရှိပါတယ်။ Sjoliv က ထုတ်လုပ်ထားတဲ့ အလှကုန်တွေကို အသုံးပြုပြီး မိုးရွာလည်းမပျက် အလှဆက်လိုက်ကြရအောင်နော်။