ဘယ်လို မျက်နှာ Skin type ကိုပိုင်ဆိုင်ထားပါသလဲ။

မျက်နှာသစ်ဆပ်ပြာရွေးချယ်တဲ့အခါ ကိုယ့်မျက်နှာအနေအထားကို သေသေချာချာသိဖို့လိုပါတယ်။ အဆီပြန် သလား၊ မွဲခြောက်ခြောက်ဖြစ်တတ်သလား၊ မျက်နှာပြင်အသားအရည်မညီမညာဖြစ်တတ်တဲ့သူလား၊ ထိလွယ် ရှလွယ်တဲ့မျက်နှာအသားအရည်ပိုင်ရှင်လား၊ ဝက်ခြံတွေအရမ်းပေါက်တတ်တဲ့သူလား…စသည်ဖြင့် ကိုယ့်မျက် နှာအခြေအနေကို သုံးသပ်ကြည့်ပါ

ပါဝင်ပစ္စည်းကိုကြည့်ပါ

ကိုယ့်မျက်နှာအသားအရည်အနေအထားကိုသိပြီဆိုရင် ဆပ်ပြာမှာပါတဲ့ Ingredients တွေကိုကြည့်ရမှာဖြစ် ပါတယ်။ ဉပမာအားဖြင့် မျက်နှာစိုစိုလေးဖြစ်ချင်ရင် Moisturizing Ingredients တွေဖြစ်တဲ့ Shea butter, glycerin, aloe vera, hyaluronic acid တွေပါဝင်တာကို ရွေးသင့်ပါတယ်။ အဲဒါဟာ hydration အတွက် အကောင်းဆုံးပါဝင်ပစ္စည်းတွေဖြစ်လို့ပါ။

သန့်စင်တောက်ပတဲ့မျက်နှာဖြစ်ချင်တယ်ဆိုရင်တော့ Cleansing Ingredients တွေဖြစ်တဲ့ Charcoal, tea tree oil, and salicylic acid တွေပါဝင်တဲ့ ထုတ်ကုန်ကိုရွေးချယ်သင့်ပါတယ်။ အဲဒါတွေက သေချာတောက်ပသန့်စင် စေတဲ့အပြင် ဝက်ခြံကာကွယ်ပေးတဲ့ပါဝင်ပစ္စည်းဖြစ်ပါတယ်။

အသားအရည်ထိခိုက်လွယ်တယ်ဆိုရင်တော့ ခပ်ပျော့ပျော့ Ingredients တွေဖြစ်တဲ့ Oatmeal, chamomile, calendula တို့ပါဝင်တာကိုရွေးသင့်ပါတယ်။

မျက်နှာအသားအရည်ကိုထိခိုက်နိုင်တဲ့ Steer clear of sulfates, parabens, artificial fragrances, harsh alcohol ပါဝင်တဲ့ပစ္စည်းတွေကိုတော့ သတိထားပြီးသုံးစွဲသင့်ပါတယ်။

ဝက်ခြံတွေထွက်တတ်ရင်တော့ salicylic acid, benzoyl peroxide, tea tree oil ပါတဲ့ပစ္စည်းကိုရွေးချယ်သင့်ပါ တယ်။

အဆီပြန်တတ်တယ်ဆိုရင်တော့ vitamin C, retinol, antioxidants တွေပါဝင်တာကိုရွေးချယ်သင့်ပြီး အသားအရည်မညီတာမျိုးဆိုရင်တော့ Kojic acid, licorice extract, and vitamin C ပါဝင်တာတွေကိုရွေးချယ် သင့်ပါတယ်။

ကိုယ်က ဘယ်လိုမျက်နှာအသားအရည်ကိုပိုင်ဆိုင်ထားသလဲသေသေချာချာလည်းမခွဲခြားတတ်၊ မျက်နှာအဆီ လည်း မပြန်ချင်၊ ဝက်ခြံလည်းမပေါက်ချင်၊ မျက်နှာပြင်ညီညီညာညာလေးလည်းဖြစ်ချင်၊ sensitive skin ဖြစ်လို့ အဆင်ပြေတာလေးလည်းသုံးချင်တယ်ဆိုရင်တော့ ညွှန်းစရာတစ်ခုရှိပါတယ်။

သဘာဝပင်လယ်ရေမှော်စိုက်ခင်း(မွေးမြူတဲ့နေရာ) ကနေ အခြေပြုထုတ်လုပ်ထားတဲ့ Sjoliv မျက်နှာသစ်ဆပ် ပြာလေးကိုပဲညွှန်းချင်ပါတယ်။