လူတွေကို ပြုံးပြဖြစ်ရဲ့လား

မျက်နှာဆိုတာ လူတိုင်းရဲ့ အဓိက impression ပါ။ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်တွေ့ကြရင် အကြည့်ချင်းဆုံပြီး ပြုံးပြနှုတ်ဆက်တတ်ကြပါတယ်။

မျက်နှာပေါ်မှာ အပြုံးတန်ဆာဆင်ပြီးရင်တော့ သုံးသပ်ရှုမြင်ခြင်းကို မသိစိတ်ကစတင်ကြပါတယ်။ အနည်းဆုံး ကတော့ သူ့မျက်နှာကြည်ရဲ့လား၊ ချောမွတ်နေရဲ့လား၊ ဝက်ခြံတွေပေါက်နေသလား၊ အမည်းစက်တွေထင်းနေ သလား စတဲ့ မျက်နှာနဲ့ပတ်သက်တဲ့ အကဲဖြတ်မှုကို မသိစိတ်ကနေ အမှတ်ပေးတတ်ကြပါတယ်။

ဒါကြောင့် ကြည်လင်ဝင်းပ၊ စိုရွှန်းမြတဲ့ မျက်နှာပြင်ကိုပိုင်ဆိုင်ဖို့ မျက်နှာသစ်ဆပ်ပြာကောင်းကောင်းကို ရှာဖွေ ဖို့ သီးသန့်အချိန်ပေးတတ်တဲ့အလေ့အထလည်းရှိလာပါတော့တယ်။

ဒီနေရာမှာတော့ Sjoliv က အဓိကဇာတ်ဆောင်ဖြစ်လာပါတော့တယ်။ ဘာလို့လဲဆိုတော့ တော်ရုံမျက်နှာသစ်ဆပ်ပြာတွေနဲ့ ဓါတ်မတည့်တာတွေဖြစ်ရင်တော့ Sjoliv မျက်နှာသစ်ဆပ်ပြာ ကိုသုံးစေချင် လို့ပါပဲ။

Sjoliv ရဲ့ မျက်နှာသစ်ဆပ်ပြာဟာ အဆီပြန်ခြင်းနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့အသားအရေ ပျက်စီးတာတွေကို ပျောက်ကင်းစေပြီး မျက်နှာမှာရှိတဲ့ အညစ်အကြေးနဲ့ အဆီပိုတွေကို နက်ရှိုင်းစွာသန့်စင်ပေးပါတယ်။ ချွေးပေါက်ထဲက အညစ်အကြေးတွေကို ညင်သာစွာဖယ်ရှားပေးပြီး ရနံ့သင်းသင်းလေးနဲ့မို့ စိတ်ကိုပါ ရှင်းသွားစေမှာပါ။

နေ့စဉ်သုံးစွဲပေးခြင်းအားဖြင့် အသားအရေနူးညံ့ချောမွေ့ဝင်းမွတ်စေမှာဖြစ်ပါတယ်။ Original နဲ့ ပျားရည်ဆပ်ပြာဆိုပြီးနှစ်မျိုးရှိပါတယ်။ ပင်လယ်ရေမှော်ရဲ့သဘာဝအတိုင်းအာနိသင်ကိုခုံ မင်တယ်ဆိုရင်တော့ Original ကို သုံးသင့်ပြီး ပျားရည်ရဲ့ကောင်းခြင်းတွေနဲ့ ပင်လယ်ရေမှော်ရဲ့ကောင်း ခြင်းကို ပေါင်းစပ်ထားတဲ့အာနိသင်ကိုပဲကြိုက်တယ်ဆိုရင်တော့ ပျားရည်ဆပ်ပြာကိုမှာသင့်ပါတယ်။