ပင်လယ်ရေမှော် မှသည် Sjoliv ဖြစ်ပေါ်လာပုံ

ပင်လယ်ရေမှော်ဆိုသည်မှာ ပင်လယ်‌ရေတွင်ပေါက်ရောက်သော အပင်များဖြစ်သည့် အမျိုးမျိုးသော ရေ ညှိပင်မျိုးစိတ်များထဲမှ အပင်တစ်မျိုးဖြစ်သည်။

ပင်လယ်ရေမှော်သည် အများအားဖြင့် ကျောက်ဆောင် များနှင့် သမုဒ္ဒရာရှိအခြားအပင်များ၊ မြစ်များ၊ ရေကန်များနှင့် အခြားရေထုများပေါ်တွင် ကြီးထွားနိုင်၍ မရေမတွက်နိုင်သော အပင်အမျိုးအစားဖြစ်ပြီး အချိူ့သောငါးကန်နှင့် ပုစွန်ကန်များတွင်ရောနှော၍စိုက် ပျိုးနိုင်သည်။ ပင်လယ်ရေမှော် မျိုးစိတ်များအပေါ်မူတည်၍ အငန်နှုန်းနှင့် အပူချိန်အပြောင်းအလဲပေါ်တွင် ရှင်သန်နိုင်ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ‌ရွှေသောင်ယံမြို့၌ ပင်လယ်ရေမှော်ကိုစီးပွားဖြစ်စိုက်ပျိုးနေသော ရေမှော်စိုက် တောင်သူများရှိပါသည်။ အဆိုပါရေမှော်စိုက်တောင်သူများထံမှ ထွက်ရှိသော ပင်လယ်ရေမှော် ခြောက်ကို ဈေးကွက်အတွင်းရောင်းချကြပြီး ဈေးကွက်တွင် စားသုံးနိုင်သောပင်လယ်ရေမှော်ခြောက်အဖြစ်ရှိ နေပါသည်။

Gracilaria မျိုးစိတ် ယင်းရေမှော်ပင်များသည် စတာ့အပါအဝင် ကာဗွန်ဟိုက်ဒရိတ်ဓါတ်တွေ၊ ပရိုတင်းဒြပ် ပေါင်းတွေ၊ ဓါတ် သတ္တုတွေ၊ ဗီတာမင်နှင့် အိုင်အိုဒင်းများပါဝင်ကာ အလှအပနှင့်ပတ်သက်၍ ကမ္ဘာပေါ် တွင်ရေပန်းအစားအဆုံး marine collagen ကိုလည်း အပြည့်အဝရရှိမည်ဖြစ်လေသည်။

Marine collagen သည် အသားအရေပရိုတင်းဓါတ်ကိုအပြည့်အဝ ဖြည့်ဆည်းပေးပြီး အရေး အကြောင်းကင်းစင်နုပျိုစေမည်ဖြစ်ပါသည်။

ပင်လယ်ရေမှော်၏ အစွမ်းသည် အသားအ‌ရေကို တင်းရင်းမှု၊ ချောမွတ်မှု၊ နုပျိုမှု များအပြင် မျက်နှာပေါ်လိမ်းလိုက်လျှင်လည်း မမြင်နိုင်သော ဘတ်တီးရီးယားများ ကိုပါ တစ်ပါတည်းဖယ်ရှားပေးနိုင်မည့် သတ္တိများရှိမည်ဖြစ်ပါသည်။

ထိုအကျိုးရလာဒ်များကို အလှကုန်အဖြစ်ဖန်တီးအသက်သွင်းကာ ဈေးကွက်အတွင်းရောင်းချမည်ဆိုပါ လျှင် ပင်လယ်ရေမှော်မှ ထွက်ရှိသော သဘာဝအလှတရားအကျိုးအာနိသင်များကို လူတို့၏အလှတရား အဖြစ်ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း စတင်သဘောပေါက်ခဲ့သည်မှာ Worldview Community Development ကုမ္ပဏီဖြစ်ပါသည်။ တစ်ဖက်တွင်လည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်ချင်သည့် ဆန္ဒကို ပေါင်းစပ်လိုက်ရန်အာသီသရှိခဲ့ပါသည်။

ထို့ကြောင့် Worldview Community Development ကုမ္ပဏီအနေဖြင့် အဆိုပါ ရေမှော်စိုက်တောင်သူ များထံမှရရှိ သော ပင်လယ်ရေမှော်ခြောက်များကို ဝယ်ယူကာ အလှကုန်ထုတ်လုပ်ပြီး ရရှိသော အကျိုး အမြတ်များ ကို ရေမှော်စိုက်တောင်သူနှင့် ဒေသခံများအား တိုက်ရိုက်အကျိုးသက်ရောက်စေမည့် ဒေသဖွံ့ ဖြိုးရေးလုပ်ငန်း များ လုပ်ကိုင်ပေးရန် အကြံအဉာဏ်ရရှိခဲ့ပါသည်။

ထို့နောက် Worldview Community Development ကုမ္ပဏီမှ Sjoliv အမှတ်တံဆိပ်ထုတ်ကုန်များစတင်ထုတ်လုပ်ခဲ့ပါသည်။

လက်ရှိတွင် Sjoliv အမှတ်တံဆိပ်ဖြင့် ဘော်ဒီလိုးရှင်း၊ မျက်နှာသစ်ဆပ်ပြာ၊ Mask နှင့် Serum စသည့် အလှကုန် (၄) မျိုးကို ထုတ်လုပ်ထားကာ ဈေးကွက်သို့ ရောင်းချဖြန့်ချိနေပါကြောင်း သတင်းပါး အပ်ပါသည်။