ရွှေသောင်ယံဒေသ ဟာ ဖြူလွှလွှသဲသောင်ပြင်၊ ပြာလဲ့လဲ့ပင်လယ်ရေနဲ့ ဒီရေတောတွေထူထပ်၊ စိမ်းလန်းပြီး ဆွတ်ပျံ့ကြည်နူးဖွယ်အတိ နယ်နေရာတစ်ခုဖြစ်ပါတယ်။
အဲဒီဒေသက ရေလုပ်ငန်းလုပ်ကိုင်သူတွေကို နည်းပညာလေးတစ်ခုထောက်ပံ့တဲ့အထဲမှာ Sjoliv လည်းပါဝင် ခဲ့ပါတယ်။ ဒီရေတောတွေထဲမှာ အသားတိုးကဏန်းတွေကိုသဘာဝအတိုင်းမွေးမြူနိုင်မယ့်သင်တန်းတစ်ရပ် ကို ဒေသခံတွေကိုမျှဝေပေးနိုင်ခဲ့တဲ့အထဲမှာ Sjoliv ကလည်း တစ်တပ်တစ်အားဆောင်ရွက်ခဲ့တာပါ။
အခုဆိုရင် သဲကျင်းကျေးရွာ၊ ရွှေသောင်ယံမြို့နယ်မှာရှိတဲ့ ဒေသခံတွေဟာ ဒီရေတောမပျက် ကဏန်းဖမ်းနိုင်ပြီး ဝင်ငွေတွေလည်းတိုးနေကြပါပြီ။ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းကို လုံခြုံစေရုံသာမက နောင်လာနောင်သား မျိုးဆက်တွေအတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့လည်း ကူညီပေးနိုင်တာကိုသေသေချာ ချာနားလည်သဘောပေါက်နေကြပါပြီ။
ဒါဟာ Sjoliv သုံးသူတိုင်းရဲ့ Contribution ဖြစ်တာမို့ လူလည်းလှ၊ စိတ်လည်းလှ…နောင်ဘဝလည်းလှစေဖို့ Sjoliv ကိုသာ ဆက်လက်သုံးကြဖို့ အပျော်လေးတွေ မျှလိုက်တယ်နော်။