ပင်လယ်ရေမှော်မျိုးစိတ်ပေါင်းများစွာဟာ အသားအရည်အတွက်ကောင်းကျိုးများစွာကိုပေးနေလို့ ကမ္ဘာ အနှံ့ အလှကုန်တွေမှာ ပင်လယ်ရေမှော်မျိုးစိတ်တွေကို ခပ်စိပ်စိပ်လေးတွေလာရပါပြီ။
လူတွေဟာ နေ့စဉ်နဲ့အမျှ လှုပ်ရှားရုန်းကန်ရ၊ သွားလာရ၊ လောကဓံကိုရင်ဆိုင်ရ နဲ့မို့ အသက်အရွယ်ကြီး လာတာနဲ့အမျှ စိတ်ဖိစီးမှုတွေကြုံလာရပါတယ်။ နောက်ပြဿနာတစ်ခုက အိုမင်းရင့်ရော်လာခြင်းပါပဲ။ အသားအရည်ရှုံ့တွလာမယ်၊ တွဲကျလာမယ်၊ ဇရာကိုရင်ဆိုင်လာရပါမယ်။
အရေပြားပေါ်က ဆဲလ်တွေကို ပျက်စီးစေတဲ့ မတည်မငြိမ်တဲ့ မော်လီကျူးတွေဖြစ်တဲ့ ဖရီးရယ်ဒီကယ် (Free radicals) တွေရဲ့ ဓာတ်တိုးမှုဖိအားကြောင့် အရေပြားဟာ အိုမင်းရင့်ရော်လာစေပါတယ်။
ခန္ဓာကိုယ်ဟာ အသက်ကြီးလာတာနဲ့အမျှ ဓါတ်တိုးဆန့်ကျင်ဖိစီးမှုတွေကို တိုက်ဖျက်နိုင်စွမ်းနည်းပါးလာ ပါတယ်။ ဒါပေမဲ့ ပင်လယ်ရေမှော်ဟာ ဒီအချက်ကို အထောက်အကူပြုနိုင်တယ်လို့ သုတေသနပြုချက် တွေက ပြောကြားထားပါတယ်။
အရေပြားဆိုင်ရာသိပ္ပံဂျာနယ်တစ်ခုရဲ့လေ့လာမှုအရ ပင်လယ်ရေမှော်ကရတဲ့ astaxanthin ဟာ လူတို့ရဲ့ ခန္ဓာကိုယ်ဆဲလ်တွေအပေါ် DNA ပျက်စီးမှုကိုလျှော့ချပေးခြင်းနဲ့ UVA ရောင်ခြည်ကိုကာကွယ် ပေးတဲ့ အကျိုးသက် ရောက်မှုရှိတယ်လို့ humnutrition ဝက်ဘ်ဆိုက်ကဖော်ပြထား ပါတယ်။ မတူကွဲပြားတဲ့ ပင်လယ်ရေညှိဒြပ်ပေါင်းတွေဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်း နောက်ထပ် သုတေသနပြုချက်တွေအရ တွေ့ရှိခဲ့ပါတယ်။
အညိုရောင် ပင်လယ်ရေမှော်မှာ ခန္ဓာကိုယ်ရဲ့ သဘာဝ hyaluronic acid ကို ဖြိုခွဲတဲ့ အင်ဇိုင်းတစ်မျိုးကို တားဆီးပေးတဲ့ ဒြပ်ပေါင်းလည်း ပါဝင်ပါတယ်။ ပင်လယ်မှော်မှာပါတဲ့ hyaluronic acid ဟာ အရေပြား ကိုစိုပြည်အောင်လုပ်ပေးပြီး အသက်ကြီးလာတဲ့အခါဖြစ်ပေါ်တတ်တဲ့အရေးအကြောင်းတွေကိုလျော့နည်း စေပါတယ်။ ဒါ့အပြင် အသားအရည်ကိုတင်းတင်းရင်းရင်းဖြစ်စေတယ်လို့ဆိုပါတယ်။
ပင်လယ်ရေမှော်နဲ့ထုတ်လုပ်ထားတဲ့ထုတ်ကုန်တွေရဲ့ အဓိကအားသာချက်တွေထဲကတစ်ခုကိုပြောပါဆို ရင်တော့ အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးခြင်း လို့ဆိုရမှာပါ။
ဒါကြောင့် Sjoliv ထုတ်ကုန်တွေကို အမြဲတမ်းသုံးမယ် ဆိုရင်တော့ ထာဝစဉ်နုပျိုမှုကိုအထောက်အကူ ပေးမယ်ဆိုတာပါပဲနော်။