သင်သိသင့်တဲ့ Sjoliv အကြောင်း (၅) ချက်

Sjoliv ထုတ်ကုန်တွေကို သုံးစွဲနေတဲ့အချစ်တို့အနေနဲ့ ဒီအချက်လေးတွေကို ဖတ်ရှုပြီး ဝမ်းမြောက်ဂုဏ် ယူနိုင်ပါပြီနော်။

(၁) Marine Collagen ရာနှုန်းပြည့်ပါတယ်

Marine Collagen ပါတဲ့အလှကုန်တွေဟာ အရည်အသွေးမြင့်မားပြီး ထိရောက်မှုအားလည်း ကောင်းမွန် လှပါတယ်။ ဒါကြောင့် Marine Collagen ပါဝင်တဲ့ အလှကုန်တွေကို အသုံးပြုခြင်းအားဖြင့် အရေး အကြောင်းကင်း ခြင်း၊ အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေခြင်း၊ အသားအရေကောင်းမွန်ခြင်း စတဲ့ အကျိုးကျေးဇူးတွေရရှိမှာ ဖြစ်ပါတယ်။ Sjoliv ဟာ ပင်လယ်ရေမှော်ကနေထုတ်လုပ်ထားတာမို့လို့ Marine Collagen ရာနှုန်းပြည့်ပါဝင်ပါတယ်။

(၂) ဒေသဖွံ့ဖြိုးရေးလုပ်နေတဲ့ထုတ်ကုန်

နောက်တစ်ခု ပြောချင်တာက Sjoliv ထုတ်ကုန်တွေရဲ့ အမြတ်အစွန်းဟာ ပင်လယ်ရေ မှော်စိုက်ခင်းရှိ တဲ့နေရာ မှာနေထိုင်တဲ့ ဒေသခံတွေအတွက် ရာနှုန်းပြည့်ထောက်ပံ့ပေးနေတယ်ဆိုတာ ပါပဲ။ Sjoliv ကိုသုံးခြင်းအား ဖြင့် ကုသိုလ်လည်းရ လူလည်းလှနိုင်မယ်ဆိုတာလေးပါ။

(၃) ရာနှုန်းပြည့် ပြည်တွင်းထုတ်ကုန်

ပင်လယ်ရေမှော်စိုက်ခင်းကနေ မှန်တင်ခုံအထိရောက်ရှိလာတဲ့အဆင့်တိုင်းဟာ ပြည်တွင်းမှာပဲ ဂုဏ်ယူ ဝမ်းမြောက်စွာထုတ်လုပ်ထားတာပါ။ စိုက်ခင်းတွေရှိရာကနေ ရန်ကုန်၊ ရန်ကုန်မှာထုတ်လုပ်၊ အရည်အ သွေးစမ်းသပ်မှုတွေ အကြိမ်ကြိမ်လုပ်ပြီးမှ ဈေးကွက်ထဲကိုရောက်လာတာပါ။ ပြည်တွင်းဖြစ်ကိုမှသုံးလိုသူ တွေအတွက်တော့ အကောင်းဆုံးပဲပေါ့။

(၄) ကုသိုလ်တစ်စု လစဉ်ပြုတယ်

ဆိုခဲ့ပြီးတဲ့အတိုင်း Sjoliv ရဲ့အမြတ်အစွန်းကို ဒေသဖွံ့ဖြိုးရေးအတွက် ပြန်လည်အသုံးပြုနေတယ်ဆိုတဲ့ ပြယုဂ်အဖြစ် လစဉ်လတိုင်း ထောက်ပံ့မျှဝေခြင်းအစီအစဉ်လေးတွေကို ဆောက်ရွက်နေပါတယ်။ အထူး သဖြင့် ပင်လယ်ရေမှော်စိုက်ခင်းတွေရှိတဲ့ ဒေသတွေမှာပါ။

(၅) သဘာဝကိုချစ်သူတွေအတွက်အသင့်တော်ဆုံး

Vegan ပစ္စည်းတွေနဲ့သာထုတ်လုပ်ထားတာမို့ သဘာဝကျကျလှချင်သူတွေအတွက်အသင့်တော်ဆုံးဖြစ် ပါတယ်။ Sensitive အသားအရေပိုင်ဆိုင်သူတွေအတွက်လည်း ယုံယုံကြည်ကြည်သုံးနိုင်တယ်ဆိုတဲ့ အကြောင်းလေးလည်းပြောပါရစေ။