ပင်လယ်ရေမှော်ကြီးထွားဖို့အတွက် ဘာဆေးဝါးမှ မသုံးခဲ့ပါဘူးနော်

ပင်လယ်ရေမှော်နဲ့ အဓိကထုတ်လုပ်ထားတဲ့ Sjoliv ဟာ Vegan ပစ္စည်းတွေကိုသာသုံးထားသလို စိုက်ခင်း ထဲက ပင်လယ်ရေမှော်ပင်လေးတွေကြီးထွားဖို့အတွက်လည်း ဘာဆေးဝါးမှ မသုံးခဲ့ပါဘူးနော်။

သိပ္ပံနည်းကျစနစ်တကျစိုက် စရာမလိုဘဲ ကျယ်ကျယ်ပြန့်ပြန့်မွေးမြူစိုက်ပျိုးနိုင်မှုကြောင့် ပင်လယ်ရေ မှော် ဟာ သဘာဝကပေးတဲ့ အာဟာရဖြစ်ပါတယ်။

ပင်လယ်ရေမှော်ပင်တွေမှာ စတာ့အပါအဝင် ကာဘိုဟိုက်ဒရိတ်ဓါတ်တွေ၊ ပရိုတင်းဒြပ်ပေါင်းတွေ၊ ဓါတ် သတ္တုတွေ၊ ဗီတာမင်နဲ့ အိုင်အိုဒင်းတွေ ပါရှိပါတယ်။ ပင်လယ်ရေမှော်မှာပါတဲ့ ကျောက်ကျော၊ အယ်လဂျီနိတ်၊ ကယ်ရာဂျီနင် တွေဟာစက်မှုလက်မှုလုပ်ငန်း အမျိုးမျိုးတို့မှာ အလွန်အသုံးဝင်အဖိုး တန်တဲ့ ဒြပ်ပေါင်းတွေဖြစ်ပါတယ်။

Carrageenan, agar နဲ့ alginates တွေဟာ ပင်လယ်ရေမှော်ကနေ ရရှိလာတဲ့ ဂျယ်လ်တွေဖြစ်ပါတယ်။ အဲဒီထုတ်ကုန်တွေဟာ လူတွေရဲ့နေ့စဉ်အသုံးပြုနေကြတဲ့ ပစ္စည်းတွေထဲမှာ ပါဝင်ပါတယ်။

ပင်လယ်ရေမှော်ကို  အလှအပရေးရာအတွက်မှာ အသုံးပြုလိုက်ခြင်းအားဖြင့် အန္တရာယ်ကင်းဘေးရှင်းပြီး သဘာဝအတိုင်းလှစေမယ့် တန်ဖိုးကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။