Norway နိုင်ငံအခြေစိုက် Worldview International Foundation (INGO) သည် မြန်မာနိုင်ငံတွင် ဒီရေ တောစိုက်ပျိုးခြင်းလုပ်ငန်းများကို ၂၀၁၂ ခုနှစ်မှ စတင်၍ ယနေ့အချိန်အထိ တစိုက်မတ်မတ်ဆောင်ရွက် နေသော အဖွဲ့အစည်းဖြစ်ပါသည်။ ကမ်းရိုးတမ်းဒေသများ၏ ရာသီဉတုပြောင်းလဲမှု၊ ရေလွှမ်းမိုးမှုဒဏ်၊ မုန် တိုင်းဒဏ် တို့ကိုကာကွယ်ရန်နှင့် ရေနေသယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်ချက်များ ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါသည်။
ပင်လယ်ရေမှော်မွေးမြူခြင်းသည် WIF ၏ Livelihood Project တစ်ခုဖြစ်ပြီး ပင်လယ်သမုဒ္ဒရာအတွင်းရှိ CO2 လျှော့ချရေးအတွက် ၂၀၂၀ ခုနှစ်မှစ၍လုပ်ဆောင်ခဲ့ပါသည်။ အဆိုပါလုပ်ငန်းကို ဧရာဝတီတိုင်းဒေ သကြီး၊ ရွှေသောင်ယံကမ်းရိုးတန်းတွင် ငါးမွေးမြူရေးလိုင်စင်ဖြင့် စနစ်တကျမွေးမြူခဲ့ခြင်းဖြစ်ပါသည်။ အောင်မြင်စွာမွေးမြူနိုင်ပြီးနောက် ဒေသခံများ၏ အကျိုးစီးပွားပိုမိုဖြစ်ထွန်းနိုင်စေရန် Value Added Product အဖြစ် ပင်လယ်ရေမှော်ဖြင့်အဓိကထုတ်လုပ်ထားသော Sjoliv Local Skincare Brand ကို Worldview Community Development ကုမ္ပဏီအမည်ဖြင့် စတင်ခဲ့ပါသည်။ ကုမ္ပဏီ၏ ပင်မရည်ရွယ် ချက်မှာ Sjoliv Local Skincare Brand ရောင်းချ၍ ရရှိသော အကျိုးအမြတ်များအား ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများဆောင်ရွက်ရန်ဖြစ်ပါသည်။
ပလတ်စတစ်သုံးစွဲမှုလျှော့ချပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး Awareness ရရှိရန်အတွက် Sjoliv Skincare ထုတ်ကုန်များ၏ ထုတ်ပိုးမှုကို Recycle ပြုလုပ်ရန်အဆင်ပြေသည့် Aluminum ဖြင့်ထုတ်လုပ် ထားပါသည်။ Sjoliv Skincare များသည် တိရိစ္ဆာန်များမှရရှိသော Collagen မဟုတ်ဘဲ ပင်လယ်ရေ မှော်မှရရှိသော Plant based, Vegan collagen မှ ထုတ်လုပ်ထားခြင်းကြောင့် ဆယ်ကျော်သက်အရွယ်မှ စတင်ကာ သုံးစွဲနိုင်သော၊ ၉၀ % သော မြန်မာလူမျိုးများ၏ အသားအရေနှင့် ကိုက်ညီအဆင်ပြေသော Local Skincare Brand ဖြစ်ပါသည်။
ထို့ကြောင့် Sjoliv Skincare Brand သည် မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသများ၏ ရာသီဥတုပြန်လည် ကောင်းမွန်ရေး၊ ဒေသခံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်များဖြင့် ဖြစ်ပေါ်လာသော Proudly Made in Myanmar Product ဖြစ်ပါသည်။
Skincare နှင့်ပတ်သက်၍ စိတ်ဝင်စားသူများသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဒေသခံလူမှုစီးပွားတိုး တက်ရေး၊ ရာသီဥတုပြောင်းလဲလာမှုမှ ကာကွယ်ရေး၊ ပြည်တွင်းမှကုန်ကြမ်းအမြောက်အများအား တန်ဖိုး မြင့်ထုတ်ကုန်အဖြစ်ထုတ်လုပ်ကာစီးပွားဖြစ်ထွန်းစေရေး၊ သုံးစွဲသူများအတွက် သဘာဝပင်လယ်ရေမှော် စစ်စစ်၏ ကောင်းကျိုးများရရှိခံစားစေရေး အစရှိသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ပြည်တွင်း၌ ထုတ်လုပ်ထားသော Sjoliv Marine Collagen Skincare Brand ကို သုံးစွဲခြင်းဖြင့် Community Support အစီအစဉ်တွင်ပါဝင်နိုင်ပြီဖြစ်ပါသည်။