တကယ်လို့များပေါ့လေ…
ညဖက်မှာ လုပ်ရတဲ့ skin care routine ကို အစားအစာနဲ့ တင်စားမယ်ဆိုပါစို့။
ဒါဆိုရင် serum ဆိုတာက Main Course ဖြစ်ပါတယ်။ အဓိက ဖြည့်တင်းပေးတဲ့အရာပေါ့။
အသားအရေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရတွေ အမြောက်အမြား ဟာ serum မှာ ပါ၀င်နေပါတယ်။ ဒါကြောင့် လိုအပ်တဲ့ အာဟာရတွေကို အမြင့်မားဆုံးစွမ်းဆောင်ရည်တွေနဲ့ လုပ်ဆောင်ပေးဖို့ ဖန်တီးထားတဲ့ skin care ဟာ serum ပါ။
serum မှာ ရေဓာတ်ဖြည့်တင်းတာ ကနေ အသားအရေတောက်ပစေတာအထိ ပါဝင်ပစ္စည်းအမျိုးမျိုး နဲ့ အမျိုးအစားအမျိုးမျိုး ရှိပြီး Serum အများစုက gel base liquid ဖြစ်ကာ Moisturizer ထက် ကျဲ ကြပါတယ်။
ရေဓာတ်ဖြည့်တဲ့ Moisturizer မလိမ်းခင်မှာ serum နဲ့ အရင် လိုအပ်တဲ့ အာဟာရ ရယ် ရေဓာတ်ရယ်ကို ဖြည့်တင်းပေးခြင်းဟာ အရေးပါလှပါတယ်။ သေးငယ်လွန်းတဲ့ မော်လီကျူးတွေအဖြစ် ဖန်တီးပေးထားနိုင်စွမ်းကြောင့် အရေပြားရဲ့ ဟိုးအောက်ခြေအလွှာထိအောင် စိမ့်ဝင် စုပ်ယူနိုင်စွမ်းရှိလို့ပါပဲ။
ပြီးရင်တော့ ရေဓာတ်ကို ထပ်မံဖြည့်တင်းတဲ့အနေနဲ့ Moisturizer ကိုထပ်လိမ်းတော့လည်း ပိုကောင်းတဲ့ ရလဒ်ရတာပေါ့နော်။
Serum Benefits
မြောက်မြားစွာသော ပါ၀င်ပစ္စည်းတွေထဲမှာမှ Marine Collagen ပြည့်ဝစွာပါ၀င်တဲ့ ပင်လယ်ရေမှော်က တစ်ကမ္ဘာလုံးက သည်းသည်းလှုပ်ကြိုက်ကြတဲ့ သည်းခြေကြိုက် ပါ၀င်ပစ္စည်းတစ်ခုဖြစ်နေတာမို့ တကယ့် luxury skin care တွေမှာသာ မြင်တွေ့နိုင်တာပါ။
အဲ့လို တန်ဖိုးကြီးလှတဲ့ ပင်လယ်ရေမှော်ကို ပြည်တွင်းဖြစ် ကိုယ်တိုင်စိုက်ပြီး ကိုယ်ပိုင်စက်ရုံနဲ့ ထုတ်လုပ်တယ်ဆိုတည်းက sjoliv ကို အရမ်းချစ်ပစ်ဖို့ အကြောင်းပြချက် ခိုင်လုံပြီမဟုတ်လား?
Sjoilv Serum ကသဘာဝပင်လယ်ရေမှော်ရဲ့ အံ့သြစရာကောင်းတဲ့ လုပ်ဆောင်ချက်တွေအတိုင်း ရေဓာတ်ဖြည့်တာ၊ အသားရောင်ညီအောင်ညှိတာ၊ အဓိကအကျဆုံး collagen ပြည့်ဝစွာပါ၀င်တာ၊ အသားအရောင်တောက်ပလာစေတာ စတဲ့ လုပ်ဆောင်ချက်တွေကိုတပြိုင်နက်တည်း လုပ်ဆောင်ပေးပါလိမ့်မယ်။
How to use
ဒီလောက်တောင် တန်ဖိုးကြီးမားတဲ့ အာနိသင်တွေပြည့်စုံစွာပါတဲ့ sjoliv serum ကို မျက်နှာသန့်စင်ပြီးတိုင်း တစ်နေ့ ၂ ခါနှုန်း မျက်နှာအသားအရေထံ သေချာစိမ့်ဝင်အောင် လိမ်းပေးဖို့က သင့်တာဝန်ပါ။
ပြစ်မျိုးမှဲ့မထင်တောက်ပတဲ့ အသားအရေ ဖြစ်လာဖို့က sjoliv က လုပ်ဆောင်ပေးပါလိမ့်မယ်။