ပင်လယ်ရေမှော်အပါအဝင် ရေတွင်ပေါက်သည့်အပင်များသည် ကုန်းပေါ်၌ပေါက်ရောက်သော အပင်များ ထက်ပိုများပါသည်။
မြန်မာနိုင်ငံအပါအဝင် ဤကမ္ဘာပေါ်ရှိနိုင်ငံအသီးသီးတွင် ကုန်ပေါ်၌ သဘာဝသယံဇာတအနေဖြင့် အရိုင်း ပေါက်နေသော သစ်တောနှင့် စိုက်ပျိုးပင်များဟူ၍ ခွဲခြားကာ အပင်နှင့် အပင်ထွက်ပစ္စည်းတို့ကို စနစ် တကျဖော်ထုတ်အသုံးချနေကြသည်။ ဤကမ္ဘာတစ်ခုလုံး၌ သမုဒ္ဒရာရေထု၏ မျက်နှာပြင်က လေးပုံ သုံးပုံ ခန့်ရှိနေသည်။ ထို့ကြောင့် ကုန်းပေါ်တွင် ပေါက်ကြသော အပင်ဦးရေထက် ပင်လယ်သမုဒ္ဒရာအတွင်းရှိ အပင်ဦးရေက အဆပေါင်းများစွာပိုမိုများပါသည်။ သို့သော် လူသားတို့သည် သဘာဝအတိုင်းလက်တွေ့ အသုံးချရေးအတွက် မိမိတို့နှင့်နီးစပ်ရာ ပိုမိုကြီးမားထင်ရှားသောအုပ်စုလည်းဖြစ်သည့် အပြင် ပိုမို၍လည်း အမျိုးစုံသည့် ကုန်းပေါ်ရှိ အရိုင်းပေါက်ပင်နှင့် စိုက်ပျိုးပင်တို့ကိုသာလျှင် အဓိကအားထားခဲ့ကြသည်။
ရေတွင်ပေါက်ကြသော ပင်လယ်ရေမှော်တို့အား များစွာပြင်မေ့လျော့ခြင်းခံရသဖြင့် ဖော်ထုတ်မှုမှာ နောက် ကျရပြီး လူသိနည်းကြလေသည်။ နိုင်ငံများစွာတွင် လတ်ဆတ်သော ပင်လယ်ရေမှော်များကို အာဟာရ တန်ဖိုးမြင့်မားသောကြောင့် ကမ်းရိုးတန်းလူမှုအသိုင်းအဝန်းမှ အစားအစာအဖြစ်အသုံးပြုကြပြီး ရိုးရာ အစားအစာအဖြစ်သတ်မှတ်ကြသလို မြို့ပြလူမှုအသိုင်းအဝိုင်းတွင်လည်း ပြုပြင်ထုတ်လုပ်စားသုံးကြပါသည်။
ယခုအခါတွင် ပင်လယ်ရေမှော်သည် လူတို့၏အလှတရားအတွက် အသုံးတော်ခံမည့် အဖိုးတန်းပစ္စည်း တစ်ရပ်ဖြစ်ခဲ့ပါပြီ။ Gracilaria မျိုးစိတ် ယင်းရေမှော်ပင်များသည် စတာ့အပါအဝင် ကာဗွန်ဟိုက်ဒရိတ်ဓါ တ်၊ ပရိုတင်းဒြပ် ပေါင်း၊ ဓါတ် သတ္တု၊ ဗီတာမင်နှင့် အိုင်အိုဒင်းများပါဝင်ကာ အလှအပနှင့်ပတ်သက်၍ ကမ္ဘာပေါ် တွင်ရေပန်းအစားအဆုံး marine collagen ကိုလည်း အပြည့်အဝရရှိမည်ဖြစ်လေသည်။
Marine collagen သည် အသားအရေပရိုတင်းဓါတ်ကိုအပြည့်အဝ ဖြည့်ဆည်းပေးပြီး အရေး အကြောင်း ကင်းစင်နုပျိုစေမည်ဖြစ်ပါသည်။ ပင်လယ်ရေမှော်၏ အစွမ်းသည် အသားအရေကို တင်းရင်းမှု၊ ချောမွတ်မှု၊ နုပျိုမှု များအပြင် မျက်နှာပေါ်လိမ်းလိုက်လျှင်လည်း မမြင်နိုင်သော ဘတ်တီးရီးယားများ ကိုပါ တစ်ပါတည်းဖယ်ရှားပေးနိုင်မည့် သတ္တိများရှိမည်ဖြစ်ပါသည်။
Marine collagen အပြည့်အဝပါရှိသော Sjoliv ထုတ်ကုန်များကို ဈေးကွက်အတွင်း၌ ဖြန့်ချိနေပြီဖြစ်ပါသည်။