သဘာဝပင်လယ်ရေမှော်ဖြင့်ထုတ်လုပ်ထားသည့် Sjoliv (ရှိုးလစ်ဖ်) ထုတ်ကုန် များအား ပြည်တွင်းဈေးကွက်၌ မိတ်ဆက်ခြင်း

မေ ၃၊ ၂၀၂၂၊ ရန်ကုန် – သဘာဝပင်လယ်ရေမှော်ဖြင့် အဓိကထုတ်လုပ်ထားသော Sjoliv အလှကုန်များ အား ပြည်တွင်းဈေးကွက်တွင်စတင်မိတ်ဆက်လိုက်ပါသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံဒေသ မှ ထွက်ရှိသော သဘာဝပင်လယ်ရေမှော်ကိုအသုံးပြုထားသည့် Sjoliv အလှကုန်များမှာ Sjoliv Body Lotion, Sjoliv Serum, Sjoliv Soap နှင့် Sjoliv Facial Mask တို့ဖြစ်သည်။

ပင်လယ်ရေမှော်ဆိုသည်မှာ ပင်လယ်‌ရေတွင်ပေါက်ရောက်သော အပင်များဖြစ်သည့် အမျိုးမျိုးသော ရေ ညှိပင်မျိုးစိတ်များထဲမှ အပင်တစ်မျိုးဖြစ်သည်။ ပင်လယ်ရေမှော်သည် အများအားဖြင့် ကျောက်ဆောင် များနှင့် သမုဒ္ဒရာရှိအခြားအပင်များ၊ မြစ်များ၊ ရေကန်များနှင့် အခြားရေထုများပေါ်တွင် ကြီးထွားနိုင်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ‌ရွှေသောင်ယံမြို့၌ ပင်လယ်ရေမှော်ကို ၂၀၂၀ မှ စ၍ စမ်းသပ်မွေးမြူခြင်းလုပ်ငန်း ကို ဆောင်ရွက်ခဲ့သည်။

Gracilaria မျိုးစိတ် ယင်းရေမှော်ပင်များသည် ကာဗိုဟိုက်ဒရိတ်ဓါတ်၊ ပရိုတင်းဒြပ် ပေါင်း၊ ဓါတ် သတ္တု၊ ဗီတာမင်နှင့် အိုင်အိုဒင်းများပါဝင်ကာ အလှအပနှင့်ပတ်သက်၍ ကမ္ဘာပေါ် တွင်ရေပန်းအစားအဆုံး marine collagen ကိုလည်း အပြည့်အဝရရှိမည်ဖြစ်လေသည်။

Marine collagen သည် အသားအရေပရိုတင်းဓါတ်ကိုအပြည့်အဝ ဖြည့်ဆည်းပေးပြီး အရေး အကြောင်း ကင်းစင်နုပျိုစေမည်ဖြစ်ပါသည်။ ပင်လယ်ရေမှော်၏ အစွမ်းသည် အသားအ‌ရေကို တင်းရင်းမှု၊ ချောမွတ် မှု၊ နုပျိုမှု များအပြင် မျက်နှာပေါ်လိမ်းလိုက်လျှင်လည်း မမြင်နိုင်သော ဘတ်တီးရီးယားများ ကိုပါ တစ်ပါ တည်းဖယ်ရှားပေးနိုင်မည့် သတ္တိများရှိမည်ဖြစ်ပါသည်။

ထိုအကျိုးရလာဒ်များကို အလှကုန်အဖြစ်ဖန်တီးအသက်သွင်းကာ ဈေးကွက်အတွင်းရောင်းချမည်ဆိုပါ လျှင် ပင်လယ်ရေမှော်မှ ထွက်ရှိသော သဘာဝအလှတရားအကျိုးအာနိသင်များကို လူတို့၏အလှတရား အဖြစ်ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ Worldview Community Development အနေဖြင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကို ပံ့ပိုးကူညီပေးလို သည့် ရည်ရွယ်ချက်ဖြင့် စတင်အကောင်အထည်ဖော်ခဲ့ ပါသည်။

Sjoliv ထုတ်ကုန်များတွင် အသုံးပြုသည့်ရေကိုလည်း ရွှေသောင်ယံဒေသ၊ ဘုရားတောင်ခြေရင်းမှ ထွက်ရှိ သော သဘာဝစိမ့်စမ်းရေကို ထည့်သွင်းအသုံးပြုထားပါသည်။ ကုန်ကြမ်းအစမှသည် ကုန်ချောထွက်သည် အထိ ဒေသထွက်ကုန်ကိုအသုံးပြုထားရုံမက ထုတ်လုပ်မှု အဆင့်အားလုံးကိုလည်း ပြည်တွင်း၌ပင်ဆောင် ရွက်လည်ပတ်ခြင်းဖြစ်ပါသည်။ Sjoliv (ရှိုးလစ်ဖ်) ဆိုသည်မှာ နော်ဝေဘာသာစကားဖြစ်ပြီး Sea Life ဟု အဓိပ္ပါယ်သက်ရောက်ပါသည်။

လက်ရှိတွင် Sjoliv အမှတ်တံဆိပ်ဖြင့် Body Lotion, Bar Soap (၂) မျိုး၊ Mask နှင့် Serum စသည့် အလှကုန် များကို ထုတ်လုပ်ထားကာ ဈေးကွက်သို့ ရောင်းချဖြန့်ချိရန်စီစဉ်နေပြီဖြစ်ပါသည်။ မေလ အတွင်း၌ ရန်ကုန်၊ မန္တ‌လေးအပါအဝင် မြန်မာတစ်နိုင်ငံလုံးအနှံ့ရှိ ကိုယ်စားလှယ်အရောင်းဆိုင်များ တွင် ရောင်းချသွားမည်ဖြစ်ပါသည်။

Sjoliv Body Lotion

ပင်လယ်ရေမှော် မျိုးစိတ် Gracilaria ၏ သဘာဝစွမ်းအင်ကြောင့် Sjoliv Body Lotion သည် ခန္ဓာကိုယ် မှ အဆီဆဲလ် သေများကိုဖယ်ရှားပေးနိုင်မည်ဖြစ်သည်။

အသားအရေကို ဝင်းဝါစိုပြေ ကြည်လင်တောက်ပစေမည့်အပြင် အသားအရေမညီမညာဖြစ်နေခြင်းမျိုး တို့ကို ညီအောင်ထိန်းညှိပေးမည်ဖြစ်သည်။ Sjoliv Body Lotion ကို ပုံမှန်အသုံးပြုခြင်းအားဖြင့် သဘာဝ ဆန်ပြီး ဝင်းဝါစိုပြေသော အသားအရေကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

Sjoliv Serum

Marine collagen ဆိုသည်မှာ အလှအပနှင့်ပတ်သက်လာလျှင် ကမ္ဘာပေါ်တွင် ရေပန်းအစားဆုံးသောအ ရာတစ်ခုဖြစ်သည်။ သူ၏ ထူးခြားချက်မှာ လူတို့၏အသားအရေပရိုတင်းဓါတ်ကို အပြည့်အဝဖြည့်ဆည်း ပေးပြီး အရေးအကြောင်းကင်းနုပျိုစေပါသည်။

Marine collagen ကို ပင်လယ်‌ရေနေသတ္တဝါများမှတစ်ဆင့်ရရှိတတ်ပါသည်။ Sjoliv Serum ၏ထူးခြား ချက်မှာ ပင်လယ်ရေနေသတ္တဝါများမှ ရှိသော collagen မဟုတ်ဘဲ ပင်လယ်ရေမှော်ပင်ကလေးများမှရရှိ ထုတ်လုပ်ထားခြင်းပင်ဖြစ်သည်။

Sjoliv Serum ကိုမျက်နှာပေါ်တင်လိုက်သည့်အခါ အသားအရေတင်းရင်းမှု၊ ချောမွတ်မှု၊ နုပျိုမှုများအပြင် မျက်နှာပေါ်တွင် မမြင်ရသော ဘတ်တီးရီးယားများကိုပါ တစ်ပါတည်းဖယ်ရှားပေးနိုင်မည်ဖြစ်သည်။ ထို့ ကြောင့် Sjoliv Serum သည် မျက်နှာပြင်ချောမွတ်ပြီး ပြန်လည်နုပျိုလိုသူများအတွင် အထူးသင့်တော်ပါ သည်။

Sjoliv Soap

ဂျယ်လ်ပါဝင်သော အပင်မျိုးစိတ်များသည် အသားအရေ၏ ရေဓါတ်ကို ထိန်းညှိပေးတတ်ပါသည်။ ပင် လယ်ရေမှော်သည် ဂျယ်လ်ပါဝင်သောအပင်ပေါင်းများစွာစုဝေးရာဖြစ်သည်။ ထို့ကြောင့် ပင်လယ်ရေမှော် ဖြင့်ပြုလုပ်ထားသော Sjoliv မျက်နှာသစ်ဆပ်ပြာသည် မျက်နှာပေါ်ရှိအသားအရေ၏ ရေဓါတ်ကို ထိန်း ပေးရုံမကဘဲ လေထုထဲတွင်ရှိသော အသန့်စင်ဆုံးသော ရေဓါတ်ကို ဆွဲယူကာ ထပ်လောင်းအားဖြည့်ပေး ပါသည်။

Gracilaria မျိုးစိတ်ပင်လယ်ရေမှော်၏ အစွမ်းသတ္တိကြောင့် အသားအရေချောမွတ်ဝင်းဝါမှုကိုလည်း ဆပ် ပြာကနေတစ်ဆင့်ရရှိနိုင်မည်ဖြစ်သည်။

Sjoliv Facial Mask

မျက်နှာပေါ်တွင် အဖုကလေးများရှိပြီးအသားအရေမညီညာခြင်းဖြစ်နေပါသလား? ဝင်းဝါစိုပြည်သော မျက်နှာအကြည်ကိုပိုင်ဆိုင်ကာဆွဲဆောင်မှုရှိသူတစ်ဦးဖြစ်ချင်ပါသလား။

မပူပါနှင့်။ Sjoliv Face Mask ကိုသာသုံးကြည့်လိုက်စေချင်ပါသည်။ ပင်လယ်ရေမှော်အစွမ်းက သဘာဝ ကပေးသော Magic အဖြစ် လူကြီးမင်း၏ မျက်နှာပြင်ကို ဖန်ဆင်းပေးပါလိမ့်မည်။ Sjoliv Face Mask ကို တစ်ပတ် လျှင်နှစ်ကြိမ်၊ တစ်ကြိမ်သုံးလျှင် မိနစ် (၂၀) ခန့်ထားပြီးမျက်နှာပြန်သစ်လိုက်ပါ။ တစ်လအတွင်း မျက်နှာ သိသိသာသာဝင်းဝါစိုပြည်လာပါလိမ့်မည်။ သဘာဝပင်လယ်ရေမှော်ဖြင့် ပြုလုပ်ထားခြင်းဖြစ်၍ ဘေး ထွက်ဆိုးကျိုးအန္တရယ်ကိုလည်းကြောက်စရာ မလိုတော့ပါ။

‌ဈေးနှုန်းများမှာ Sjoliv Body Lotion ၁၃၅၀၀ ကျပ်၊ Sjoliv Serum ၁၄၈၀၀ ကျပ်၊ Sjoliv Soap ၈၅၀၀ ကျပ်၊ Sjoliv Facial Mask ၁၂၅၀၀ ကျပ် တို့ဖြင့် ဈေးကွက်အတွင်း စတင်ဝယ် ယူနိုင်မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။