Worldview Community Development Company Limited သည် ပင်လယ်ကမ်းခြေ ဒေသတွင်နေထိုင်သည့် ဒေသခံများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံပြီး တည်ထောင်ထားသော ကုမ္ပဏီဖြစ်သည်။ SEAWEED, SJOLIV ဟူသည့် အမှတ်တံဆိပ် ကို ရန်ကုန်မြို့၊ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၌ မှတ်ပုံတင်သွင်းထားပြီးဖြစ်ပါသည်။
WCD Co.,ltd မှ ထုတ်လုပ်သော ကုန်ပစ္စည်းများသည် ကမ်းရိုးတန်းဒေသထွက်ကုန်ပစ္စည်းများ ကို အခြေခံ၍ အရည်အသွေးမြင့် ကုန်ချောအဖြစ်ထုတ်လုပ်မည်ဖြစ်ပြီး အဆိုပါထုတ်ကုန်များကို ရောင်းချ၍ ရရှိသော အကျိုးအမြတ်များကို ဒေသဖွံ့ဖြိုးရေးအဖြစ်ပြန်လည်အသုံးပြုသွားမည်ဖြစ်သည်။
လက်ရှိတွင် WCD Co.,ltd အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံဒေသမှထွက်ရှိသော ပင်လယ်ရေမှော် များကို အခြေခံကာ Sjoliv အမည်ရှိ အလှကုန်များကိုထုတ်လုပ်ဖြန့်ဖြူးလျက်ရှိပါသည်။
WCD Co.ltd သည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်တွင်တည်ရှိပါသည်။
