
ပင်လယ်ထဲက အလှတရား
ပြာလဲ့လဲ့ပင်လယ်ထဲက မရေမတွက်နိုင်တဲ့အပင်ငယ်ကလေးတွေကို တယုတယခြွေယူကာပေါင်းစပ်ပြီးသန့်စင် အကြောင်းဖက်ပြီးဆန်းသစ်တီထွင်လိုက်တော့ Marine Collagen အပြည့် သဘာဝအတိုင်းလှလို့မကုန်တဲ့ Sjoliv ထုတ်ကုန်ဆိုတာ ထွက်ပေါ်လာခဲ့ပါတယ်။

Sjoliv နဲ့ အတူ ဒီရေတောမပျက် ကဏန်းမွေးကြမယ်
ရွှေသောင်ယံဒေသ ဟာ ဖြူလွှလွှသဲသောင်ပြင်၊ ပြာလဲ့လဲ့ပင်လယ်ရေနဲ့ ဒီရေတောတွေထူထပ်၊ စိမ်းလန်းပြီး ဆွတ်ပျံ့ကြည်နူးဖွယ်အတိ နယ်နေရာတစ်ခုဖြစ်ပါတယ်။ အဲဒီဒေသက ရေလုပ်ငန်းလုပ်ကိုင်သူတွေကို နည်းပညာလေးတစ်ခုထောက်ပံ့တဲ့အထဲမှာ Sjoliv လည်းပါဝင် ခဲ့ပါတယ်။ ဒီရေတောတွေထဲမှာ အသားတိုးကဏန်းတွေကိုသဘာဝအတိုင်းမွေးမြူနိုင်မယ့်သင်တန်းတစ်ရပ် ကို ဒေသခံတွေကိုမျှဝေပေးနိုင်ခဲ့တဲ့အထဲမှာ Sjoliv ကလည်း တစ်တပ်တစ်အားဆောင်ရွက်ခဲ့တာပါ။

သဘာဝပင်လယ်ရေမှော်ဖြင့် ထုတ်လုပ်ထားသော Sjoliv Local Skincare Brand
Norway နိုင်ငံအခြေစိုက် Worldview International Foundation (INGO) သည် မြန်မာနိုင်ငံတွင် ဒီရေ တောစိုက်ပျိုးခြင်းလုပ်ငန်းများကို ၂၀၁၂ ခုနှစ်မှ စတင်၍ ယနေ့အချိန်အထိ တစိုက်မတ်မတ်ဆောင်ရွက် နေသော အဖွဲ့အစည်းဖြစ်ပါသည်။ ကမ်းရိုးတမ်းဒေသများ၏ ရာသီဉတုပြောင်းလဲမှု၊ ရေလွှမ်းမိုးမှုဒဏ်၊ မုန် တိုင်းဒဏ် တို့ကိုကာကွယ်ရန်နှင့် ရေနေသယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်ရန်